Connect with us

Hi, what are you looking for?

သတင်း

ရှမ်းတောင်မှာ မိုးကြီးမှု‌နောက်ဆက်တွဲ မြေပြိုမှုကြုံတွေ့လာ

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ မိုးကြီးပြီး လူထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုတွေစတင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၂၀၂၅ မိုးရာသီက ပင်းတယမြို့ကုန်းဇောင်းရွာမှာ မြေပြိုမှုကြုံတွေ့ရစည်။ ဓာတ်ပုံ - CJ)

မေ-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ မိုးကြီးပြီး လူထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုတွေစတင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ မေလ ၁၀ရက်ကတည်းက မိုးရွာသွန်းခဲ့ပြီး မေလ ၁၂ရက်မှာ‌တော့ ပင်းတယမြို့က မြို့မဈေးအနီးမှာ အုတ်တံတိုင်းပြိုကျခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ စျေးသည်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

မေလ ၁၃ရက်မှာတော့ တောင်ကြီးမြို့၊တောင်ပြိုကျေးရွာမှာ မြေပြိုမှုထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ကုန်းမြင့်ဒေသဆိုတော့ မိုးများလာတဲ့အခါ တောင်ကမူတွေက ပဲ့ကျနေတာ။ ဒီရက်ပိုင်းဖြစ်နေတဲ့ပုံကအန္တရာယ်ကြီးတယ်။ မိုးက မရပ်သေးဘဲ ဆက်ပြီးတော့ရွာနေတယ်”လို့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

မြေပြိုမှုတွေဖြစ်လာပေမယ့် စစ်တပ်ရဲ့အုပ်ချုပ်ရေးပိုင်းက ကြိုတင်ကာကွယ်ရေးအစီအမံတွေလုပ်ဆောင်တာမတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ယခုရက်ပိုင်း လေဖိအားနည်းရပ်ဝန်းဖြစ်နေပါတယ်။လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့မှာ မိုးရွာနိုင်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ရောဝတီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၀၂၄ မိုးရာသီကာလက ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးခဲ့ပြီး ဆိုးရွားတဲ့ရေဘေးနဲ့ မြေပြုမှု ဘေးအန္တရာယ်ကိုရင်ဆိုင်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။