Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒရုန်းတိုက်ခိုက်မှုကြောင့် ယူအေအီး နျူကလီးယား ဓာတ်အားပေး စက်ရုံနားမှာ မီးလောင်မှုဖြစ်

ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် နိုင်ငံရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံနားမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အစိုးရက ပြောပါတယ်။

ဓာတ်ပုံ - AP

ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် နိုင်ငံရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံနားမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အစိုးရက ပြောပါတယ်။

မေလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်း ဒေသက ရှိရင်းစွဲ တင်းမာမှုတွေကို ပိုမို ဆိုးရွားသွားစေဖို့ အန္တရာယ်ကြီးတဲ့ လုပ်ရပ်မျိုးလို့လည်း ယူအေအီးက ဝေဖန်ခဲ့ပါတယ်။ လက်ရှိမှာတော့ ယူအေအီးဟာ ဘယ်သူ့ကိုမှ တပ်အပ် မစွပ်စွဲသေးဘဲ ဒရုန်းတိုက်ခိုက်မှုရဲ့ မူလ အရင်းအမြစ်ကို စုံစမ်းနေဆဲလို့ ပြောပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒရုန်းသုံးစီးဟာ နိုင်ငံရဲ့ အနောက်ဖက်ခြမ်း နယ်နိမိတ်ကို ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြောင်း၊ နှစ်စီးကို လေကြောင်းကာကွယ်ရေး စနစ်တွေက ပစ်ချနိုင်ခဲ့ပေမယ့်လည်း တတိယ ဒရုန်းကတော့ အဘူဒါဘီ မြို့မှာရှိတဲ့ ဘာရာကာ နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ အတွင်းစည်း အပြင်ဖက်မှာရှိတဲ့ မီးစက်တစ်လုံးကို ထိမှန်ပြီး မီးလောင်မှု ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အဲဒီ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သလို ရေဒီယို သတ္တိကြွမှု အန္တရာယ် စိုးရိမ်စရာ အခြေအနေတွေလည်း မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူအေအီးရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အခု တိုက်ခိုက်မှုဟာ လက်မခံနိုင်စရာ ရန်စမှု တစ်ခုလို့ ရှုတ်ချခဲ့ပြီး ရန်လိုတဲ့ လုပ်ရပ်တိုင်းကို မှန်မှန်ကန်ကန် လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။

ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ နျူကလီးယား အဆောက်အအုံ တစ်ခုကို တိုက်ခိုက်တာဟာ နိုင်ငံတကာ ဥပဒေတွေ၊ ကုလသမဂ္ဂ ကြေညာစာတမ်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်းတွေ အားလုံးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံရဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက် ထိပါးလာနိုင်တဲ့ အားထုတ်မှု မှန်သမျှကို အခိုင်အမာ ရင်ဆိုင်တိုက်ခိုက်သွားမယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ကြေညာခဲ့ပါတယ်။

မေလ ၁၈ ရက် မနက်အစောပိုင်းထိတော့ ယူအေအီး အစိုးရဟာ ဒရုန်းတွေ ဘယ်နေရာကနေ စတင်ပျံသန်းလာသလဲ ဆိုတာကို မကြေညာသေးပါဘူး။ အရင်တုန်းကတော့ ယူအေအီးဟာ နိုင်ငံရဲ့ စွမ်းအင်နဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေကို အီရန်က တိုက်ခိုက်ကြောင်း စွပ်စွဲခဲ့ဖူးပါတယ်။

ကုလသမဂ္ဂရဲ့ နျူကလီးယား အေဂျင်စီဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)က အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ သတင်းတွေကို အသေးစိတ် စောင့်ကြည့်နေကြောင်း ကြေညာပြီး IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့ဆီက ဒီဖြစ်ရပ်အပေါ် အထူးစိုးရိမ်မိကြောင်း ပြောပါတယ်။

နျူကလီးယား လုံခြုံရေးကို ထိခိုက်နိုင်တဲ့ ဘယ်လို စစ်ရေး လုပ်ဆောင်ချက်မဆို လက်ခံနိုင်စရာ မရှိဘူးလို့ သူက IAEAရဲ့ လူမှုကွန်ရက် X စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။

မေလ ၁၇ ရက်နေ့မှာပဲ ဆော်ဒီအာရေးဘီးယား နိုင်ငံကလည်း အီရတ်လေပိုင်နက်ထဲကနေ ပျံသန်းဝင်ရောက်လာတဲ့ ဒရုန်းသုံးစီးကို ကြားဖြတ် ပစ်ချခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ပွဲဖြစ်ပွားခဲ့တဲ့ ကာလအတွင်း အီရန်ဟာ ယူအေအီးနဲ့ ဆော်ဒီတို့ အပါအဝင် ဒေသတွင်းက အမေရိကန် မဟာမိတ် အာရပ်နိုင်ငံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ရုရှားရဲ့ အကြီးမားဆုံး အွန်လိုင်း လက်လီ ရောင်းချမှု လုပ်ငန်းစုကြီး တစ်ခုရဲ့ ကုန်လှောင်ရုံတွေက ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့မြို့တော်မော်စကိုမှာသိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့တဲ့နောက် နိုင်ငံရဲ့ဒရုန်းတိုက်ခိုက်ရေး စွမ်းရည်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ချီးကျူးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှု အကြီးစား တစ်ခုကြောင့် ယူကရိန်းမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသထဲက အမေရိကန် မဟာမိတ် အာရပ်နိုင်ငံ နှစ်ခုဟာ အီရန်နဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်လာနိုင်ခြေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Facebook