Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရက စစ်ဆင်ရေးမှာသုံးဖို့ PDFစစ်ကိုင်းတိုင်းစစ်ဌာနကို ကျပ်သိန်း ၁၅၀၀ ထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

မေ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးဦး ဦးဆောင်ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးတို့ဟာ စစ်ကိုင်းတိုင်းစစ်ဌာနမှ ဒု-တိုင်းကွပ်ကဲရေးမှူး ဦးဆောင်သော စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မေလ ၂၁ရက်မှာ တွေ့ဆုံပြီး အခုလို ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနသို့ စစ်ဆင်ရေးများတွင် အသုံးပြုဖို့ ကျပ်သိန်း ၁၅၀၀ ကို ကနဦး ထောက်ပံ့ခဲ့ကြောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ အစိုးရ အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူတွေရဲ့ အကျိုးကို သယ်ပိုးဖို့နဲ့ တော်လှန်ရေးအောင်မြင်စေဖို့ ဦးစားပေး လုပ်ဆောင်မယ့် မူဝါဒ တွေကို အခုနှစ်ဆန်းပိုင်းမှာ အသိပေး မိတ်ဆက်ထားပါတယ်။

ဦးစားပေး ဖော်ဆောင်မယ့် မူဝါဒ ၅ရပ်ကတော့ တော်လှန်ရေး အမြန်အောင်မြင်ရေးအတွက် လိုအပ်တဲ့ အစီအမံအားလုံးကို အလေးထားဆောင်ရွက်ရန်၊ ဒေသတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ ထိရောက်အောင်ဆောင်ရွက်ရန်၊ ဘဏ္ဍာငွေအရင်းအမြစ်များ အလေအလွင့်မရှိစေရေးနဲ့ တော်လှန်ရေးအတါက် ထိရောက်အကျိုးရှိစါာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ တော်လှန်ရေးကာလအတါင်း လူမှုဘ၀ ထိခိုက်နာကျင်ခံစားရမငများကို အချိန်ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိပြီး လျော့နည်းသက်သာစေရေး စီမံဆောင်ရွက်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ် ခိုင်မာရေး ကြိုးပမ်းဆောင်ရွက်ရန်တို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

နိုင်ငံတကာ

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

သတင်း

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။