Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို ကုလသမဂ္ဂ မိန့်ခွန်းမှာ ကာကွယ်ပြောဆိုဖို့ နေတန်ညာဟု စီစဉ်ထား

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကာကွယ် ပြောဆိုသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။

ဓာတ်ပုံ - AFP/File

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကာကွယ် ပြောဆိုသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။

သူဟာ စက်တင်ဘာ ၂၄ ရက်နေ့ကျရင် နယူးယောက်မြို့က UN ဌာနချုပ်မှာ မိန့်ခွန်းပြောကြားသွားမှာ ဖြစ်ပါတယ်။ UNဆီကို သူလာနေပြီဖြစ်ကြောင်း၊ အစ္စရေးရဲ့ သူရဲကောင်း ပီသတဲ့ စစ်သားတွေ အကြောင်း UNမှာ သူက ရှင်းလင်း ပြောပြမှာဖြစ်ကြောင်း၊ ပြီးတော့ နယူးယောက် မြို့တော်ဝန် ဇိုဟ်ရန် မမ်ဒါနီအကြောင်း အမှန်တွေကိုလည်း ထုတ်ပြောမှာဖြစ်ကြောင်း နေတန်ညာဟုက စက်တင်ဘာ ၂၂ ရက်နေ့တုန်းက ဗီဒီယို တစ်ခုထဲမှာ ပြောဆိုထားပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့တုန်းက မမ်ဒါနီဟာ သူ့ရဲ့မြို့ကို ရောက်လာမယ့် နေတန်ညာဟုကို စစ်ရာဇဝတ်ကောင် တစ်ဦး၊ ပါလက်စတိုင်းတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုရဲ့ ဦးဆောင်သူ တစ်ဦးအဖြစ် ရှုတ်ချခဲ့တဲ့နောက် နေတန်ညာဟုက အခုလို တုံ့ပြန်ခဲ့တာပါ။

နေတန်ညာဟုက မမ်ဒါနီဟာ အစ္စရေးရဲ့ ရန်သူတော် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကို အားပေး ထောက်ခံသူ တစ်ဦးလို့လည်း စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မမ်ဒါနီဟာ အစ္စရေး ပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ဟားမားစ် အကြမ်းဖက် သားသတ်သမားတွေကို ထောက်ခံခဲ့တဲ့အတွက်၊ နယူးယောက် ဂျူးတွေအပေါ် ရန်လိုမှုတွေ ဖြစ်လာအောင် လှုံ့ဆော်ခဲ့တဲ့အတွက် ရှက်သင့်တယ်လို့လည်း နေတန်ညာဟုက ဆိုပါတယ်။

မမ်ဒါနီက UN ညီလာခံတက်ဖို့ နယူးယောက်ကို နေတန်ညာဟု ရောက်လာရင် ဖမ်းဆီးပစ်ချင်ကြောင်း ပြောခဲ့ဖူးပေမယ့် သူ့မှာ အဲဒီလို အခွင့်အာဏာမျိုး မရှိဘူးလို့လည်း ဝန်ခံထားပါတယ်။

အမေရိကန်ရဲ့ အာဏာရ ရီပတ်ဘလစ်ကန် ပါတီ အမတ်တချို့ကလည်း မမ်ဒါနီရဲ့ ပါလက်စတိုင်း ထောက်ခံတဲ့ လှုပ်ရှားမှုတွေနဲ့ ဂါဇာကမ်းမြှောင်ဒေသက အစ္စရေး စစ်ဆင်ရေးတွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကြောင့် သူ့ကို ဂျူးဆန့်ကျင်ရေး သမားအဖြစ် တံဆိပ်ကပ်ကြပါတယ်။ အသက် ၃၄ နှစ်သာ ရှိသေးတဲ့ မမ်ဒါနီဟာ သမိုင်းတလျှောက်မှာ နယူးယောက် မြို့တော်ဝန် ရာထူးကို ထမ်းဆောင်တဲ့ ပထမဆုံး မွတ်ဆလင် အနေနဲ့လည်း မှတ်တမ်းဝင်ထားသူ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

Facebook