Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်က သံလွင်မြစ်မှာမြစ်တွင်းသွားတိုက်ရေယာဉ် စစ်ရေးလေ့ကျင့်မယ်ဆို

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွင်း စစ်တပ်ရဲ့ စစ်သင်္ဘောအချို့ကို စစ်ရေးလေ့ကျင့်မှုမှာတွေ့ရပုံ။ ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး

ဇွန် – ၈ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဇွန်လ ၁၀ ရက်မှာမြစ်တွင်းသွာတိုက်ရေယာဉ် အာဏာသိမ်းစစ်တပ်ရဲ့အမှတ် (၃၀၃) စစ်ရေယာဉ်ကရေပြင်ပစ်မှတ်တွေကို ပစ်ခတ်လေ့ကျင့်မယ်လို့ဆိုပါတယ်။

အဲဒီစစ်ရေယာဉ်ဟာသံလွင်မြစ်အတွင်းစစ်ဆင်ရေး၊လုံခြုံရေးနဲ့ မြစ် ကြောင်းပိတ်ဆို့ရေးတာဝန်ယူရတာဖြစ်ပြီးတနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊အုန်းပင်ကွင်းကျေးရွာအုပ်စုမှာအခြေစိုက်တဲ့မောရ၀တီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၄၆) စစ်ရေယာဉ်စုကွပ်ကဲမှုအောက်မှာရှိတာပါ။

Public Service Announcement

Public Service Announcement

ဇွန် ၁၀ ရက်နေ့မှာဘားအံမြို့နယ်၊ သံလွင်မြစ်ကြောင်းအတွင်း၊ ကော့လှိုက်ကျွန်းအနီးမှာရေပြင်ပစ်မှတ်ပြုလုပ်ပြီးလက်နက်ကြီးတွေလေ့ကျင့်ပစ် ခတ်ဖို့စီစဉ်ထားတာကြောင့်အဲဒီနေ့ရက်မှာစစ်ရေးလေ့ကျင့်မယ့်ဧရိယာရဲ့ သုံးမိုင်ပတ်လည်အတွင်းလူနဲ့ငါးဖမ်းရေယာဉ်တွေ၊လှေတွေ မဝင်လာစေဖို့အတွက်စစ်ရေယာဉ်မှုးကမြို့နယ်ထွေအုပ်ကတဆင့် ကျေးရွာအုပ်ချုပ်ရေးမှုးတွေထံကြိုတင်အသိပေးထားတယ်လို့သိရပါတယ်။

အခုလိုစစ်ရေးလေ့ကျင့်တာကဒေသတွင်းမှာစစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေရှိလာနိုင်ပြီး ပုံမှန်လေ့ကျင့်ရေးထက် KNU နဲ့ ကရင်လက်နက်ကိုင်တပ်တွေအပေါ် စစ်ရေးအရခြိမ်းခြောက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ရေတပ်သားဟောင်းတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“မြစ်ကြောင်းတလျှောက်မှာတပ်စခန်းတွေရှိတယ်၊ ကရင်အဖွဲ့အစည်းတွေရဲ့ထိန်းချုပ်နယ်မြေတွေ၊ ရွာတွေရှိတယ်၊အုပ်ချုပ်ထောက်ပံ့အတွက်ပဲဖြစ် ဖြစ် စစ်ဆင်ရေးအတွက်ပဲဖြစ်ဖြစ် မြစ်ကြောင်းကို ပိုင်ထားတဲ့သူက ပိုအသာစီးယူနိုင်တဲ့အတွက် သူတို့လေ့ကျင့်ပြန်လုပ်တာပေါ့” လို့ အဲဒီကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သံလွင်မြစ်မှာရေတပ်ရဲ့လက်နက်ကြီးလေ့ကျင့်ပစ်ခတ်မှုဟာမြေပြင်တပ်နဲ့ ရေတပ်အချိတ်ဆက်မိမိ စစ်ဆင်ရေးလှုပ်ရှားနိုင်အောင် ဖြစ်သလို ဒေသတွင်းမှာ စစ်ရေးလှုပ်ရှားဆောင်ရွက်ဖို့လည်း ရှိနိုင်တယ်လို့ ကရင်သတင်းရင်းမြစ်က သုံးသပ်ထားပါတယ်။

ဘားအံမြို့နယ်၊သံလွင်မြစ်ကြောင်းအတွင်းမှာအရင်က စစ်တပ်ရဲ့ရေတပ်ကလက်နက်ကြီးလေ့ကျင့်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ပေမယ့် ဒီနှစ်နောက်ပိုင်းမှာတော့ လေ့ကျင့်မှုတွေ မလုပ်ဖြစ်တော့တာ ကြာပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရေတပ်ရဲ့လက်နက်ကြီးလေ့ကျင့်ပစ်ခတ်မှုဟာမြစ်ထဲမှာ ပစ်မှတ်လုပ်ကာအဲဒီပစ်မှတ်ကိုတိုက်ရေယာဉ်ကကျည်အစစ်နဲ့ပစ်ခတ်တာ ဖြစ်ပါတယ်။

တိုက်ရေယာဉ်နဲ့ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်မယ့်နေရာဒေသဟာ KNU တပ်မဟာ (၁) ထိန်းချုပ်တဲ့ ဒေသတွေနဲ့ နီးစပ်နေတာပါ။

လက်ရှိဖာပွန်ထိုးစစ်အတွင်းစစ်တပ် ရေကြောင်းဖြစ်တဲ့ သံလွင်မြစ်ကနေ တိုက်ရေယာဉ်နဲ့ ထောက်ပံ့ပို့ဆောင်ရေး၊ စစ်ရေးလှုပ်ရှားတာတွေ မရှိသေးပေမယ့်လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသကနေ ဖာပွန်မြို့နယ်၊ ကမောင်းဗျူဟာဆီသံလွင်မြစ်ကနေစက်လှေတွေနဲ့ ကူးပြီးစစ်ရေးအင်အားဖြည့် ဆည်းမှုတွေတော့ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အရာရှိတွေ တိုက်ခိုက်ခံရတဲ့ တောင်တွင်းကြီးမြို့နယ်က ရန်ကုန်-ပြည်လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။