Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းပေါက်ကွဲမှု ဘေးသင့်သူများ ပြန်လည်ထူထောင်ရေး AA၊ SSPPနဲ့ ၀တပ်ဖွဲ့တို့လည်း လှူဒါန်းငွေပေးအပ်

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

(ကောင်းတပ်ရပ်ကွက် ဖြစ်စဉ် ပြန်လည်ထူထောင်နိုင်ရေးအတွက် အာရက္ခတပ်တော်(AA)က လှူဒါန်းငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - committeeofkaungtup)

ဇွန်-၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ဗဟိုကော်မတီက ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့သလို AA မီးနဂါးစစ်ဒေသက ကျပ်သိန်း ၁၀၀၊ UWSA လားရှိုးဆက်ဆံရေးရုံးက ကျပ်သိန်း ၁၀၀၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) က ကျပ်သိန်း ၁၀၀နဲ့ ဆန်အိတ် ၂၀ လှူဒါန်းခဲ့တာကို ပြန်လည်ထူထောင်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

KIO အဖွဲ့အစည်းနေဖြင့် ဗဟိုကော်မတီက လှူဒါန်းငွေပေးအပ်ခဲ့တဲ့အပြင် KIA တပ်မဟာ(၁၁) က ကျပ်သိန်း KIO ကွတ်ခိုင်၊ အမှတ်(၉)တပ်ရင်းက ကျပ်သိန်း ၂၀ လှူဒါန်းခဲ့ကြောင်း ပြန်လည်ထူထောင်ရေးကော်မတီနဲ့ ကချင်သတင်းရင်းမြစ်တို့က ပြောပြအသိပေးထားပါတယ်။ ဒါ့အပြင် Kachin Sub State အတိုင်ပင်ခံအဖွဲ့ကလည်း ကျပ်သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၃၁ရက်က TNLA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာမှာ ပြည်သူ ၄၃ဦးထက်မနည်းသေဆုံးကာ ပြည်သူ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ပါတယ်။

အဲဒီလို လူထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့ ကောင်းတပ်ရွာ ပြန်ထူထောင်ရေးအတွက် တိုင်းရင်းသားအဖွဲ့များသာမက ပြည်သူတဦးချင်းစီနဲ့ အသင်းအဖွဲ့တွေ၊ ကျေးရွာတွေက ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ လှူဒါန်းလျက်ရှိရာ ဇွန်လ ၈ရကနေ့အထိ အလှူငွေ ကျပ်သိန်း ၉၀၀၀ ကျော်နဲ့ တရုတ်ယွမ် ၂သိန်းကျော်ရရှိထားတယ်လို့ TNLAက အသိပေးထားပါတယ်။

ဒါ့အပြင် TNLAကလည်း ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို TNLA သီးသန့်ရန်ပုံငွေနဲ့ ထောက်ပံ့မှု လုပ်ဆောင်ခဲ့ရာ ကွယ်လွန်သူ တစ်ဦးကို ကျပ်သိန်း ၁၀၀ နှုန်း ထောက်ပံ့ခဲ့ကြောင်း TNLAက ထုတ်ပြန်ထားပါတယ်။ ကောင်းတပ်ရပ်ကွက်ပေါက်ကွဲမှုမှာ သေဆုံးသူ ၄၃ဦးရှိပြီး ဒဏ်ရာရသူ ၁၁၂ဦးရှိတယ်လို့ TNLA က ထုတ်ပြန်ထားပေမယ့် ဒေသခံ အဖွဲ့တွေရဲ့ အသိပေးချက်အရ သေဆုံးသူ ၅၀ကျော်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက်လည်း လိုအပ်တဲ့ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ အခြားလိုအပ်တဲ့ အကူအညီများ ဆက်လက် ကူညီပံ့ပိုးပေးနေကြောင်း TNLAက ထုတ်ပြန်ထားပြီး ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ နစ်နာဆုံးရှုံးမှုများအပေါ် အလေးအနက်ထား၍ တာဝန်ယူဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာသူ မိသားစုဝင်တွေကို TNLA ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ခဲ့ပြီး ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အစွမ်းကုန် ကူညီဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။