Connect with us

Hi, what are you looking for?

သတင်း

ရခိုင်နယ်စပ် စစ်မျက်နှာတွေက စစ်တပ်စခန်းအချို့ကို AAနဲ့ မဟာမိတ်တွေထပ်မံသိမ်းယူ

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

(ရခိုင်ပြည်နယ် နဲ့ မ​ကွေးတိုင်းအစပ်မှာAA နဲ့အတူ လက်တွဲတိုက်ပွဲဝင်​နေတဲ့ PDF သရက်ခရိုင် အမှတ်(၄) တပ်ရင်းကတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-သရက်ခရိုင် အမှတ် ၄ တပ်ရင်း)

ဇွန်-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရခိုင်ပြည်နယ်နဲ့ဆက်စပ်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်းရေကြည်မြို့နယ်ထဲက ကြောင်လျှာတောစခန်း နဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ်ထဲ မှာရှိတဲ့ ရိုးမတောင်ခြေက စခန်းတွေကို AA နဲ့ မဟာမိတ်တပ်​တွေကဇွန်လဆန်းကတိုက်ပွဲတွေမှာ သိမ်းယူနိုင်ခဲ့တာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

“ရိုးမ နဲ့ နီးတဲ့ ကြောင်ရှာတောက ဆင်စခန်းမှာ တပ်စွဲထားတဲ့စစ်တပ်ဆုတ်သွားပြီး AAက သိမ်းလိုက်တာ။ ရိုးမအခြေတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်။လေယာဉ်ကလည်းနေ့တိုင်းလာပြီးကြဲနေတုန်းပဲ”လို့ရေကြည်မြို့နယ်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရေကြည်မြို့နယ်ထဲက သောင်တန်း နဲ့ ညောင်မှော်ရွာ ပတ်ဝန်းကျင်မှာ ဇွန်လဆန်ကစပြီတိုက်ပွဲဖြစ်ပွား​နေရာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ဇွန်လ၉ရက်မနက်ပိုင်းမှာကြောင်ရှာတောက စစ်တပ်တပ်စွဲထားတဲ့ဆင်စခန်းကိုသိမ်းယူနိုင်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုတွေရှိခဲ့သလို စစ်သုံ့ပန်းတွေလည်းဖမ်းမိခဲ့တယ်လို့ ဒေသခံစစ်​ရေးသတင်းရင်းမြစ်ကပြောပါတယ်။

AAရဲ့စစ်ရေးလှုပ်ရှားမှုသတင်းတွေကို စောင့်ကြည့်နေတဲ့ စစ်​ရေးအကဲခတ်အချို့ကလည်း ကြောင်ရှာတောဆင်စခန်းကို AAနဲ့ မဟာမိတ်တွေ သိမ်းယူနိုင်ခဲ့တာမှန်တယ်လို့ ပြောပါတယ်။

လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကိုလည်း AAနဲ့မဟာမိတ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။တိုက်ပွဲ​တွေပြင်းထန်​နေပြီး စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ်တွေဟာရေကြည်၊လေးမျက်နှာ မြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေကိုဇွန်လ ၁၅ ရက်နေ့ခင်းအထိ ဖြတ်ပျံနေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ မင်းတုန်းမြို့နယ် ရိုးတောင်ခြေရင်းရွာတွေဖြစ်တံ့ ဝက်ကော်၊သဖန်းရောင်နဲ့ပြောင်ရွာပတ်ဝန်းကျင်မှာတပ်စွဲထားတဲ့စစ်ကောင်စီစခန်းတွေကိုလည်းAAနဲ့ မဟာမိတ်တွေကသိမ်းယူနိုင်ခဲ့တယ်လို့ သရက်ခရိုင်ထဲမှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးအသုံးပြုထားတဲ့စစ်တပ်စခန်းတွေကို AA၊ PDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ AA ကရော တော်လှန်ရေးတပ်တွေကသတင်းအသေးစိတ်မထုတ်ပြန်သေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊သရက်ခရိုင်အမှတ်၄တပ်ရင်းရဲ့ ဇွန်လ ၁ရက်နေ့က သတင်းထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်က မင်းတုန်းမြို့နယ်အတွင်းခလရ(၄၄) ၊ကပစ(၁၂) က တပ်ရင်းတွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအပါအဝင် အင်အားတထောင်ကျော်သုံးပြီး စစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဇွန်လ၁ရက်နေ့အထိတိုက်ပွဲ၁၇ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကသေဆုံးသူ၂၀ ထက် မနည်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေက မင်းတုန်းမြို့နယ် အနောက်ခြမ်းကျေးရွာတွေနဲ့ ရခိုင်ရိုးမအစပ်ကို စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်လာလို့တိုက်ပွဲတွေဆက်ဖြစ်နေပြီးဒေသခံပြည်သူ တွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်များဂရုပြုကြဖို့နဲ့ လုံခြုံတဲ့နေရာမှာနေကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသဖြစ်တဲ့မကွေးတိုင်း၊ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာကုန်း နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ကပစ(၁၆)ကိုလည်း AA နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။