Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

ငါတို့အချိန်တွေ ဘယ်သူ ခိုးသွားသလဲ

In Time (2011)

ဝဇီရာ/People’s Spring

အနာဂတ်ကာလတစ်ခုမှာ ကမ္ဘာပေါ်က လူသားတွေဟာ အသက် ၂၅ နှစ်ပြည့်တာနဲ့ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်အရ အိုမင်းရင့်ရော်မှု ရပ်တန့်သွားပြီး ဘယ်တော့မှ ထပ်မအိုတော့ပါဘူး။ ဒါပေမဲ့ အသက် ၂၅ နှစ်ပြည့်တာနဲ့ လူတိုင်းရဲ့ လက်ဖျံပေါ်မှာ စိမ်းပြာရောင် ဒီဂျစ်တယ် အချိန်နာရီတစ်ခု ပေါ်လာပြီး ၁ နှစ်အချိန် စတင်ပေးထားပါတယ်။ အဲဒီအချိန် ကုန်သွားရင်တော့ နှလုံးရပ်ပြီး ချက်ချင်း သေဆုံးရမှာ ဖြစ်ပါတယ်။

​ပိုက်ဆံဆိုတာ မရှိတော့ပါဘူး။ အရာအားလုံးကို အချိန်နဲ့ပဲ အရောင်းအဝယ် လုပ်ရပါတယ်။ အလုပ်လုပ်ရင် လစာကို ပိုက်ဆံမရဘဲ မိမိလက်ထဲကို နာရီ/မိနစ်အလိုက် အချိန်တိုးပေးပါတယ်။ ကော်ဖီတစ်ခွက်သောက်ရင် ၄ မိနစ်၊ ဘတ်စ်ကားစီးရင် ၂ နာရီ စသဖြင့် မိမိလက်မောင်းထဲက အချိန်ကို စက်မှာ ကပ်ပြီး နှုတ်ပေးရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းဆုပ်ကိုင်ပြီးတော့လည်း အချိန်တွေကို လွှဲပြောင်းပေးလို့ ရပါတယ်။

ဒီစနစ်ကြောင့်ပဲ ဆင်းရဲသားတွေဟာ နောက်တစ်နေ့ အသက်ဆက်ဖို့အတွက် ဒီနေ့ မိနစ်ပိုင်း၊ နာရီပိုင်း ရဖို့ ရုန်းကန်နေရပါတယ်။ လမ်းမပေါ်မှာ အချိန်ကုန်ပြီး သေဆုံးသွားတဲ့သူတွေ နေ့တိုင်းရှိပါတယ်။ ချမ်းသာတဲ့ သူဌေးတွေကတော့ လက်မောင်းထဲမှာ အနှစ် သန်းနဲ့ချီတဲ့ အချိန်တွေ ရှိတာကြောင့် မသေနိုင်ဘဲ ထာဝရအသက်ရှင်နိုင်ကြပါတယ်။ သူတို့က အချိန်တွေ အများကြီးရှိလို့ ဘယ်တော့မှ အလောတကြီး မလုပ်ကြဘူး။

Public Service Announcement

Public Service Announcement

မင်းသားဖြစ်သူ ဝေလ်း ဆလပ်စ်ဟာ ဆင်း

ရဲသားလူငယ်တစ်ဦးဖြစ်ပြီး နေ့ရက်တိုင်းကို မိနစ်တွက်နဲ့ ရုန်းကန်နေရသူပါ။ တစ်နေ့မှာ သူဟာ ဘဝကို ငြီးငွေ့နေတဲ့ အချိန် နှစ်ပေါင်း ၁၀၀ ကျော်ပိုင်ဆိုင်ထားတဲ့ သူဌေးတစ်ယောက်ကို လူမိုက်တွေလက်ကနေ ကယ်တင်ပေးခဲ့ပါတယ်။

​အဲဒီသူဌေးက မင်းသားအိပ်ပျော်နေတုန်း သူ့ရဲ့ အချိန် နှစ် ၁၀၀ လုံးကို မင်းသားလက်ထဲ လွှဲပေးခဲ့ပြီး “ငါ့အချိန်တွေကို အချည်းနှီးမဖြစ်စေနဲ့” ဆိုတဲ့ မက်ဆေ့ခ်ျချန်ကာ အသေခံသွားခဲ့ပါတယ်။ ဒါပေမဲ့ စနစ်ကို ထိန်းချုပ်တဲ့ အဖွဲ့က မင်းသားကို လူသတ်ပြီး အချိန်ခိုးမှုနဲ့ လိုက်လံဖမ်းဆီးပါတော့တယ်။

​မင်းသားဟာ အချိန်သူဌေးကြီးတစ်ဦးရဲ့ သမီးကို ဓားစာခံအဖြစ် ဖမ်းဆီးရင်း ထွက်

ပြေးရာကနေ နောက်ပိုင်းမှာ နှစ်ယောက်သား ပူးပေါင်းပြီး စနစ်ကြီးတစ်ခုလုံးကို တော်လှန်ဖို့၊ ဆင်းရဲသားတွေကို အချိန်တွေ ခိုးယူဝေငှပေးဖို့ ကြိုးစားကြပါတော့တယ်။

တကယ်တော့ ကျွန်တော်တို့လက်မှာ ဇာတ်ကားထဲကလို အချိန်မှတ် သင်္ကေတတွေမပေါ်ပေမယ့် ကျွန်တော်တို့အချိန်တွေကလည်း အကန့်အသတ်တွေ ရှိနေတာပါပဲ။ ကုန်ခဲ့တဲ့အချိန်တွေ ပြန်ယူလို့မရတော့ဘူး။ အဲဒီလို အကန့်အသတ်တွေရှိနေတဲ့ကြားက ကျွန်တော်တို့တတွေဟာ ကံဆိုးစွာနဲ့ စစ်တပ်အာဏာသိမ်းတာကိုထပ်မံ ကြုံကြရပြန်တယ်။

၂၀၂၁ မတိုင်မီ​ကဆို မြန်မာနိုင်ငံက လူတွေဟာ နိုင်ငံအတွက် ရွှေရောင်အိပ်မက်တွေ မက်ခဲ့ကြသလို ကိုယ့်တရည်စာ အိပ်မက်တွေလည်း ကိုယ်စီကိုယ်စီ ရှိခဲ့ကြတယ်။ သဘာဝသယံဇာတ ပေါကြွယ်ဝပြီး လည်ပတ်စရာဒေသ ပေါများလှတဲ့ ​မြန်မာနိုင်ငံမှာ ကောင်း

မွန်တဲ့အစီအမံတွေ၊ စနစ်တွေသာရှိခဲ့ရင် ကျွန်တော်တို့နိုင်ငံ ဆင်းရဲစရာ အကြောင်းကို မရှိတာပါ။

၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းပြီး ကျွန်တော်တို့တတွေ အနာဂတ်ကို ရိုက်ချိူးပစ်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို သိမ်းယူသွားခဲ့တယ်။ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေကို ထောင်ထဲမှာ၊ တရားရုံးတွေမှာ၊ ဆေးရုံတွေမှာ၊ လေဆိပ်တွေမှာ၊ အလုပ်

သမားရုံးတွေမှာ၊ တောနက်ထဲမှာ၊ ပက်စ်ပို့ရုံးတွေမှာ၊ ဆီဆိုင်တွေမှာ အကုန်ပေးလိုက်ကြရတယ်။ တချို့တွေကတော့ လက်ကျန်အချိန်တွေ မသုံးလိုက်ရတော့ဘဲ အသက်တွေ ဆုံးရှုံးလိုက်ရတယ်။

In Time ထဲက ဆင်းရဲသားတွေဟာ အချိန်သူဌေးတွေရဲ့ ခေါင်းပုံဖြတ်မှုကြောင့် အချိန်

ကုန်ပြီး လမ်းမပေါ်မှာ သေဆုံးကြရသလိုပဲ၊ လက်ရှိ မြန်မာပြည်သူတွေဟာလည်း စနစ်ဆိုးတစ်ခုကြောင့် မိမိတို့ရဲ့ အဖိုးတန်လှတဲ့ လူငယ်ဘဝ၊ လူလတ်ပိုင်းဘဝနဲ့ အနာဂတ်အချိန်တွေကို ကန့်သတ်ချက်ပေါင်းစုံထဲမှာ မလိုလားအပ်ဘဲ ပေးဆပ်ကုန်ဆုံးနေရတယ်။

ဇာတ်ကားထဲက မင်းသားနဲ့ မင်းသမီးကတော့ စနစ်ဆိုးကြီးကို တော်လှန်ဖို့ ပိုကြီးမားတဲ့ အချိန်ဘဏ်ကြီးတွေဆီကို ဆက်လက်ပြေး

လွှား တိုက်ပွဲဝင်နေကြဆဲပါ။ ကျွန်တော်တို့တွေလည်း စနစ်ဆိုးတစ်ခုရဲ့အောက်မှာ အဖိုးတန်လှတဲ့ အချိန်နဲ့ အနာဂတ်တွေကို ခေါင်းပုံဖြတ် အလုခံနေရပေမယ့် တစ်နေ့မှာ မိမိတို့ရဲ့ အိပ်မက်တွေ၊ မိမိတို့ရဲ့ ရွှေရောင်အချိန်တွေကို ကိုယ်တိုင်ပြန်လည်စိုးမိုးခွင့်ရမယ့်နေ့ဆီအထိ မျှော်လင့်ချက်တွေ သယ်

ဆောင်ရင်း ရုန်းကန်ရှင်သန်ကြရဦးမှာ ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

A Taxi Driver(2017)

ရုပ်ရှင်ခံစားမှု

ဂျပန်နိုင်ငံကမြို့ငယ်လေးတစ်မြို့ရဲ့မြစ်ကမ်းလေးတနေရာမှာ အမျိုးသမီးငယ်လေးတစ်ယောက် ထီးမိုးထားတဲ့ တွန်းလှည်းကလေးကို ဆွဲလာတယ်။ သူ့လက်ထဲမှာလည်း ဟွန်းသေးသေးလေးတစ်ခုပါတယ်။ သူက ဟွန်းလေးကို လက်က ကိုင်ပြီး "ကြောင်ကလေးတွေ ငှားပေးပါတယ်"လို့ အော်လာတယ်။ ဟုတ်ပါရဲ့။ သူဆွဲလာတဲ့ တွန်းလှည်းကလေးပေါ်မှာ ရောင်စုံကြောင်ကလေးတွေဟာ ခြင်းကလေးတွေထဲမှာ ငြိမ်ငြိမ်သက်သက်ထိုင်​နေကြတာပါလား။

ရုပ်ရှင်ခံစားမှု

The Secret Life of Walter Mitty (2013)

ရုပ်ရှင်ခံစားမှု

သူ့နာမည်က ရှင်းအီရန်းပါ။ သူက ဥပဒေစာမေးပွဲအောင်မြင်ထားပေမဲ့ သူ့ရဲ့ဖခင်ဟာ အကျင့်ပျက်ခြစားခဲ့တယ်လို့ စွပ်စွဲခံရပြီး သေဆုံးသွားခဲ့တဲ့ အစိုးရရှေ့နေဖြစ်တာကြောင့် ဘယ်ဥပဒေလုပ်ငန်းစုတွေကမှ သူ့ကို အလုပ်မခန့်ခဲ့ပါဘူး။ နောက်တော့ ရှင်းအီရန်းဟာ ကိုယ်ပိုင်ရုံးခန်းလေးတစ်ခုရအောင်ဖွင့်ပြီး ဥပဒေအကျိုးဆောင်လုပ်ငန်းလုပ်ဖို့ ကြိုးစားပါတော့တယ်။