Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆီယံ ညီလာခံမှာ အမေရိကန်နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ဝမ်ယိနဲ့ မာကို ရူဘီရိုတို့ တွေ့ဖြစ်ခဲ့ကြတာပါ။ စက်တင်ဘာလကျရင် ဝါရှင်တန်ဒီစီ မြို့တော်ဆီ တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်မယ့် အစီအစဉ်အတွက် ကောင်းမွန်တဲ့ အခြေခံ ညှိနှိုင်းမှု ရလဒ်တွေကို အဲဒီဆွေးနွေးမှုမှာ ညှိနှိုင်းနိုင်ခဲ့ကြောင်း ရူဘီရိုက ပြောပါတယ်။

ရူဘီရိုနဲ့ ဝမ်တို့ဟာ အာဆီယံဒေသ အပြင်ဖက်က တခြားနိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတချို့နဲ့အတူ အစည်းအဝေး တက်ရောက်ခဲ့ကြတာပါ။ သူတို့နှစ်ဦးဟာ အစည်းအဝေး အစီအစဉ်တွေနဲ့ တိုက်ရိုက် မသက်ဆိုင်ဘဲ သီးခြား တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တရုတ်နဲ့ အမေရိကန်ကြားမှာ ကွဲလွဲမှုတွေ အများကြီး ရှိနေတာက မဆန်းကြောင်း၊ ဒါပေမဲ့ နှစ်ဖက် အစိုးရတွေရဲ့ တာဝန်က အဲဒါတွေကို ကိုင်တွယ်ပြီး ထိန်းချုပ်လို့ မရတော့တဲ့ အဆင့်ထိ ကြီးထွားမသွားအောင် ညှိယူကြဖို့ဖြစ်ကြောင်းလည်း ရူဘီရိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလမှာ ရှီရဲ့ အမေရိကန် ခရီးစဉ်အတွင်း နှစ်ဖက်စလုံးက လုပ်ဖို့လိုတာကလည်း အဲဒီ ကွဲလွဲမှု အပိုင်းတွေက အဖြေရှာ ညှိနှိုင်းကြဖို့ ဖြစ်ကြောင်း၊ အဲဒီ အပြုသဘောဆောင်မယ့် ခရီးစဉ်အတွက် အခြေခံ လုပ်ထုံးလုပ်နည်းတွေကို ဝမ်နဲ့တွေ့ဆုံချိန်မှာ ညှိနှိုင်းခဲ့ပြီး ခရီးစဉ်နဲ့ ပတ်သက်လို့ အများကြီး စကားပြောဖြစ်ခဲ့ကြောင်း ရူဘီရိုက ဆက်လက် ပြောကြားသွားပါတယ်။

အမေရိကန်ဟာ အမျိုးသား အကျိုးစီးပွားကို အမြဲတမ်း ကာကွယ်သွားမှာ ဖြစ်ကြောင်း၊ တရုတ်ဖက်ကလည်း သတ်မှတ်ထားတဲ့ အမျိုးသား အကျိုးစီးပွားဆိုတဲ့ ရှုထောင့်တွေကို ကာကွယ်ဖို့ ကြိုးစားမယ်ဆိုတာ နားလည်ကြောင်း၊ တစ်ချိန်တည်းမှာပဲ တချို့သော အပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာတွေလည်း ရှိနေကြောင်း ရူဘီရိုက ဆိုပါတယ်။

ဆွေးနွေးပွဲ အပြီးမှာ ရူဘီရိုက သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ဝမ်ကတော့ မီဒီယာတွေနဲ့ စကားမပြောခဲ့ပါဘူး။ တရုတ် အစိုးရကလည်း ဝမ်နဲ့ ရူဘီရို တွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ သီးခြားကြေညာချက် မထုတ်ပြန်သေးပါဘူး။

နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မိနစ် ၉၀ လောက် စကားပြောဖြစ်ခဲ့ကြောင်း နီးစပ်တဲ့ သံတမန်ရေး အသိုက်အဝန်းက ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ် အမေရိကန် ရွေးကောက်ပွဲကို တရုတ်က နောက်ကွယ်ကနေ ခြယ်လှယ် စွက်ဖက်ဖို့ ကြိုးစားခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေချိန်မှာ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့တာပါ။

ရူဘီရိုကတော့ ဝမ်နဲ့တွေ့ဆုံမှုအတွင်းမှာ ထရမ့်ရဲ့ အဲဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ထည့်သွင်း ဆွေးနွေးကြတာ မရှိခဲ့ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။