ဇူလိုင် ၂၆၊ ၂၀၂၆။ ကိုဒီး/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။
ဒီကနေ့ နေ့လည် ၁နာရီခန့်က ရေပူရာဘာခြံအနီးမှာ ရပ်တန့်ထားတဲ့ ကားတစ်စီးကို KNA တပ်သားတွေက သွားရောက်စစ်ဆေးစဉ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရာဘာခြံအနီးမှာ ရပ်တန့်ထားတဲ့ ကားဟာ ၂ရက်လောက်ရှိနေလို့ မင်္ကာလို့ ရာဘာခြံသမားတစ်ဦးကအနီးအနားမှာရှိတဲ့ KNA တပ်သားတွေကို သွားရောက်ပြောပြခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
” ရေပူမှာ ရာဘာခြံသမားက သတင်းလာပို့တယ်။ ဖမင်္ကာစရာ ကားတစ်စီးရပ်ထားတယ်။ ဘေးမှာလည်း အထုပ်တစ်ထုပ်ရှိတယ်။ အဲဒီမှာ ပေါက်ကွဲတာ။ KNA က ၆ဦးလောက်ထိခိုက်တယ်။ သေဆုံးတာရော၊ ဒဏ်ရာရတာတွေရော”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကရင်နယ်ခြားစောင့်တပ်(BGF)က ဗိုလ်မှူးကြီးစောချစ်သူဟာ ၂၀၂၆ ဇန်နဝါရီ ၁ရက်က ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖြစ် တရားဝင်အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။


















































