Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တောင်ဘက် သဲဖြူချောင်းရွာအနီးတိုက်ပွဲဆက်ရှိနေ

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

KNU တပ်ဖွဲ့တွေကို တွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - KNU

သြဂုတ် – ၂၇ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မြ၀တီမြို့ရဲ့တောင်ဘက်ခြမ်းရှိဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော် (DKBA)ထိန်းချုပ်နေရာဖြစ်တဲ့ကျောက်ခက်ဒေသထဲကိုစစ်တပ်ကတောလမ်းကနေတဆင့်စစ်ကြောင်းထိုးလာခဲ့တာကြောင့် KNU တပ်မဟာ(၆ )ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

ကျောက်ခက်ရွာရဲ့ အနောက်မြောက်ဘက်က သဲဖြူချောင်းရွာကို စစ်တပ်စစ်ကြောင်း ထိုးစစ်ဆင်နေတာကြောင့် အဲဒီရွာအနီးမှာ တိုက်ပွဲဖြစ်နေတာ ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိပြီလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သဲဖြူချောင်းကို (စစ်တပ်က) တိုးနေတာကြာပြီ၊ (သဲဖြူချောင်းရွာကို) ရောက်တော့မယ်၊ ကျောက်ခက်လမ်းပိတ်မယ်ကြားတယ်” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းထိုးနေတဲ့ သဲဖြူချောင်းနဲ့ ကျောက်ခက်ရွာဟာ ဒေသအခေါ် အကွာအဝေး ကုန်းသုံးကုန်းကျော်လောက်သာ ဝေးပြီး ခန့်မှန်းခြေ ၂၅ မိနစ်ခန့် သွားရတယ်လို့ ဒေသခံ ကရင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်တပ်ဟာ လေးကေကော်မြို့သစ်အနီးက နယ်စပ်အနီးရှိဖလူးနဲ့ မင်းလက်ပံရွာကို လနဲ့ချီပြီး တိုက်ခိုက်နေပေမယ့် နယ်မြေမစိုးမိုးနိုင်ဘဲဖြစ်နေရာကနေ အခုတော့ ဖလူးတောင်ကြောလမ်းကနေတဆင့် သဲဖြူချောင်းဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုးလာတာပါ။

ကျောက်ခက်ဒေသကို DKBA စီးပွားရေးကော်မတီရဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်စိုင်းကျော်လှ ထိန်းချုပ်ထားတာပါ။

ကျောက်ခက်ဒေသကကျားဖြန့်လို့ခေါ်တဲ့ ကျားဖြန့် လုပ်ငန်းတွေကိုပူးပေါင်းတိုက်ဖျက်မယ်ဆိုပြီး DKBA နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ချိန်ဆွေးနွေးခဲ့တယ်လို့အာဏာသိမ်းစစ်တပ်ကဝါဒဖြန့်သတင်းထုတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မိုးမိတ်-သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းရွာအနီးမှာ ဒီနေ့မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေကပြောပါတယ်။

သတင်း

မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာ​ကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အမြင့်ကျွန်းအနီးတိုက်ပွဲစစ်သား၂၀ဦးထက်မနည်းသေဆုံး၊ စစ်တပ်ကပေါက်တောနဲ့ ပုဏ္ဏားကျွန်းကိုလေယာဉ်အုပ်နဲ့ ဗုံးကြဲ