Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေပြီး လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ကျ

(မြန်မာ-ထိုင်းနယ်စပ် ၊မြဝတီမြို့နယ်မှာ တိုက်ပွဲဖြစ်​နေတဲ့အ​ခြေအ​နေကို ထိုင်းစစ်တပ်တာဝန်ရှိသူ​​တွေက ဇူလိုင်လကုန်ပိုင်းက ထိုင်းနယ်စပ်မှ ကြည့်ရှု့​နေစဥ်။ဓါတ်ပုံ-Addy )

သြဂုတ်-၁၇၊၂၀၂၆။People’s Spring

မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာထိုင်းသတင်းဌာန Khasodကတက်ခ်ပြည်နယ်နဲ့ ထိစပ်ရာ မြန်မာဖက်ခြမ်းမှာတိုက်ပွဲတွေအရှိန်မြင့်တက်နေသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊လေကြောင်းကနေ ရိက္ခာနဲ့တခြားပစ္စည်းတွေ ချပေးတာတွေ လုပ်နေတယ်လို့ ရေးသား​ဖော်ပြထားပါတယ်။

မဲဆောက်နဲ့ ဖုတ်ဖရ ခရိုင်တို့ရဲ့တစ်ဖက်ခြမ်း မြဝတီမြို့နယ်ထဲမှာ စစ်တပ်ဟာ ကရင် တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားရာ ခြေကုပ်စခန်းတွေကို သိမ်းယူနိုင်ဖို့ လက်နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြု ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ လက်နက်ကြီး ကျည်တချို့လည်း ထိုင်းပိုင်နက်ဖက် လမ်းချော်ကျရောက်ခဲ့ပြီး ဘန်ဟွေမဟာဝန်မှာ လူနေအိမ်တွေကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ နယ်စပ်နားက တိုက်ပွဲတွေအတွင်း အဲဒီဧရိယာဟာ အရင်ကလည်း လမ်းချော်လာတဲ့ ကျည်တွေ၊ လက်နက်ကြီးကျည်တွေ ကျရောက်တာ ကြုံခဲ့ဖူးပါတယ်။

Khasodရဲ့ အဆိုအရ မြန်မာစစ်တပ်ဟာ မြေပြင်ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေ ကြားဖြတ် တိုက်ခိုက်ခံရမှာ စိုးရိမ်တဲ့အတွက် ရှေ့တန်းကတပ်တွေဆီကို လေကြောင်းကနေ စစ်လက်နက်နဲ့ ရိက္ခာတွေ လေထီးနဲ့ ချပေးနေကြောင်းလည်း သိရပါတယ်။

မြဝတီမြို့​တောင်ဘက်က ဖလူး၊မင်းလက်ပံ​ဒေသကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ဇူလိုင်ဘကတည်းက စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါ​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေ ကို ​KNLA ၊ PDF နဲ့ ပူး​ပေါင်းတပ်​တွေက ဖျက်​တောက်ပိတ်ဆို့တိုက်ခိုက်တာ​ကြောင့် အကြိမ်ကြိမ်တပ်လန်ပြီး ​ရှေ့မတိုးနိုင်ဘူးလို့ ​​ဒေသတွင်း စစ်​ရေးရင်းမြစ်​တွေက ​ပြောပါတယ် ။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ

သတင်း

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့မှာပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစတင်ပြီးအာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံ ပြည် သူ့စစ်အဖွဲ့ကနေ့ခင်းကြောင်တောင်ပေါ်တာဆွဲသလို ညပိုင်းတွေမှာလည်း ကားတွေနဲ့ ပတ်ပြီး ပေါ်တာဆွဲနေတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ စက်တင်ဘာအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းရ

Trending

Facebook