Connect with us

Hi, what are you looking for?

သတင်း

မြဝတီ​တောင်ဘက် လေးဒေးတောင်ကြောမှာတိုက်ပွဲပြင်းထန် ၊စကခ (၁၃)လက်​အောက်ခံတပ်ရင်း​တွေအထိနာ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ်-၁၇၊၂၀၂၆။ ကိုဒီး/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

” လေးဒေးတောင်ကြောက သဲဖြူချောင်းမှာ။ စကခ-၁၃ အလောင်းတွေ ကောက်မနနိုင်ဘူး ဖြစ်နေတယ်။ လေယာဉ်နဲ့လည်း အဆက်မပြတ်လာကြဲနေတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာ ထိုင်းသတင်းဌာန Khasodက တာချ်ခရိုင်နဲ့ ထိစပ်ရာ မြန်မာဖက်ခြမ်းမှာတိုက်ပွဲတွေအရှိန်မြင့်တက်နေသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊လေကြောင်းကနေ ရိက္ခာနဲ့တခြားပစ္စည်းတွေ ချပေးတာတွေ လုပ်နေတယ်လို့ ရေးသား​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင်လအတွင်းတိုက်ပွဲမှာစစ်တပ်ထံက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ

Khasodရဲ့ အဆိုအရ မြန်မာစစ်တပ်ဟာ မြေပြင်ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေ ကြားဖြတ် တိုက်ခိုက်ခံရမှာ စိုးရိမ်တဲ့အတွက် ရှေ့တန်းက တပ်တွေဆီ လေကြောင်းကနေ စစ်လက်နက်နဲ့ ရိက္ခာတွေ လေထီးနဲ့ ချပေးနေကြောင်းလည်း သိရပါတယ်။

မြဝတီမြို့တောင်ခြမ်းမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေရာ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက်ရှိနေချိန်မှာလည်း မြန်မာ-ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီမြို့နားက ဒေါန​တောင်တန်းအ​ရှေ့ခြမ်းမှာ သြဂုတ် ၃ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စကခ(၁၃) လက်အောက်ခံ ခမရ(၂၀၃)တပ်ရင်းက ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအ၀င်စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး ပြုတ်သွားခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး(KNU)ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအပြီး စစ်မြေပြင်မှာစစ်တပ်တပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ အများအပြားကျန်ရစ်ခဲ့ပြီး လက်ရှိအချိန်မှာလက်နက်ရှစ် လက်နဲ့ ခဲယမ်းကျည်ဆံအချို့သိမ်းဆည်း ထားနိုင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။ ဒါ​ပေမယ့်သိမ်းဆည်းရရှိတဲ့လက်နက် ခဲယမ်း​တွေကိုသတင်း​ဓါတ်ပုံဖော်ပြတာမှာ လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရရှိခဲ့တာကို​တွေ့ရ့ပါတယ်။

ဒါအပြင် မြဝတီမြို့​တောင်ဘက် ​ရဲကုန်းအနီး ဇူလိုင်လအတွင်းတိုက်ပွဲမှာလည်း စစ်တပ်ရဲ့ ​စစ်​ကြောင်းတွေပျက်​အောင် ၂ ကြိမ်တိုင် ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ခဲ့ပါတယ်။

​တော်လှန်​ရေးတပ်​တွေက ရဲကုန်က​နေ ဆုတ်ခွာဟန်ပြုပြီး တက်လာတဲ့ စစ်​ကြောင်း​တွေကို တိုက်ခိုက်တာမှာ ဇူလိုင် ၁၆ ရက်က တိုက်ပွဲမှာစကခ (၁၃)လက်​အောက်ခံ ခမရ(၅၅၆)တပ်ရင်းဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ဦးစီးတဲ့ စစ်ကြောင်းကို ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာဒုတပ်ရင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးပြီးစစ်​ကြောင်းပျက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာခမရ(၅၅၆)တပ်ရင်းက စစ်မှုထမ်းစစ်သားသစ် ၄ ဦးကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းမိခဲ့ပါတယ်။

ဇူလိုင် ၂၁ ရက်မှာလည်း ရဲကုန်းအနီး စစ်တပ်စစ်​ကြောင်းကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်တာမှာ ​စစ်သား​တွေသေဆုံး ဒဏ်ရာရသူများပြီး စစ်​ကြောင်းပျက်ပြီး ပြန်ဆုတ်ခဲ့ပါတယ်။ မြဝတီ​မြို့တောင်ဘက်ရှိ ဖလူး ၊မင်းလက်ပံ​ဒေသကို စစ်တပ်က အင်အား​ထောင်ချီသုံးပြီး ဇူလိုင်လကစ စစ်​ကြောင်း​တွေထိုး​နေ​ပေမယ့် ​တော်လှန်​ရေးတပ်​တွေရဲ့ ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ

သတင်း

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့မှာပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစတင်ပြီးအာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံ ပြည် သူ့စစ်အဖွဲ့ကနေ့ခင်းကြောင်တောင်ပေါ်တာဆွဲသလို ညပိုင်းတွေမှာလည်း ကားတွေနဲ့ ပတ်ပြီး ပေါ်တာဆွဲနေတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ စက်တင်ဘာအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းရ

Trending

Facebook