Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်းနေလို့ လူပါးခဲ့တဲ့ ရွှေတိဂုံ

ရန်ကုန်မှာ မိုးဆက်တိုက်ရွာနေတာကြောင့် ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံဘုရားကိုလာရောက်သူ ပုံမှန်ထက်နည်းပါးခဲ့ပါတယ်။

ဇူလိုင်-၂၉၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မှာ မိုးဆက်တိုက်ရွာနေတာကြောင့် ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံဘုရားကိုလာရောက်သူ ပုံမှန်ထက်နည်းပါးခဲ့ပါတယ်။

“မိုးကောင်းနေလို့။ အရင်ဆို ကြိတ်ကြိတ်တိုးနေတာ” လို့ ဘုရားပေါ်ကဝန်ထမ်းတစ်ဦးကပြောပါတယ်။

ရန်ကုန်မှာ မနေ့ည(ဇူလိုင်၂၈)က တစ်ညလုံးနီးပါးမိုးရွာခဲ့တာကြောင့် ဘုရားကိုလာရောက်သူ နည်းတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့မနက်ပိုင်းမှာတော့ မိုးရွာတာမရှိသေးဘဲ ရာသီဥတုက အုံ့မှိုင်းနေတာပါ။

ဝါဆိုလပြည့်နေ့မှာ ဝါဆိုသင်္ကန်းကပ်တဲ့အစဉ်အလာအတိုင်း ဘုရားပေါ်က တန်ဆောင်းတွေမှာ ဝါဆိုသင်္ကန်းကပ်ပွဲတွေကိုလည်း တွေ့ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒီလိုနေ့မျိုးမှာ လောင်းကစားဝိုင်းတွေက ရွှေတိဂုံဘုရားရဲ့ ဈေးတန်းမှာလာလုပ်နေခွင့်ရတာက ဘယ်သူတွေ ခွင့်ပြုထားတာလဲဆိုတဲ့ မေးခွန်းထုတ်စရာပါ။

သတင်း

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့ ) ကျရောက်တဲ့ ဒီနေ့မှာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ဆီ လာရောက်ဘုရားဖူးသူတွေ များပြားခဲ့ပါတယ်။

သတင်း

ဧပြီ – ၁၇ ၊ ၂၀၂၅ ၊ ရောင်နီ/People’s Spring ဒီနေ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ မှာ ရန်ကုန်မှာမြို့မှာရှိတဲ့ ရွှေတိဂုံစေတီတော်မြတ်ဆီ လာရောက်ဖူးမြှော်ကြသူ ဘုရားဖူးတွေ နဲ့ စည်းကားနေပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ နေ့ တစ်နေ့ဖြစ်ပြီး နှစ်သစ်...