Connect with us

Hi, what are you looking for?

သတင်း

ချင်းတွေအကြား ညီညွတ်မှုမရှိသလိုမြင်ရပေမဲ့ ရန်သူလာရင် အတူဝိုင်းတိုက်ခိုက်ဟု ချင်းပြည်ကောင်စီပြော

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးမဟုတ်၊ ဆွေးနွေးရေးကိစ္စ SCEF ရဲ့မူအတိုင်း အခိုင်အမာရပ်တည်ဟု ထုတ်ပြန်

(ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင်(ICNCC/CB)တို့ ၂၀၂၅ ဖေဖော်ဝါရီ ၂၆ရက်က ဆွေးနွေးမှုပြုလုပ်အပြီးအတူ တွေ့ရစဉ်။ ဓာတ်ပုံ - CIC)

ဩဂုတ် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းညီညွတ်ရေးကိစ္စဟာ ဦးစားပေးဖြစ်သလို ညီညွတ်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒ အပြည့်အ၀ ရှိကြောင်း ချင်းပြည်ကောင်စီ တာဝန်ရှိသူတွေက ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပြီး ရန်သူကို ချင်းတွေ အတူတကွ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။

ချင်းပြည်ကောင်စီက ပြုစုတဲ့ ချင်းပြည်သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပြီး ၂နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၈ရက် နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အခုလို အသိပေးခဲ့တာပါ။

“ချင်းပြည်ကောင်စီအနေနဲ့ ချင်းတွေအကြား ညီညွတ်ရေးတည်ဆောက်ရေးက ပထမဦးစားပေး အနေနဲ့ ပါပါတယ်” လို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းကပ်ချင်းထန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်မှာ ချင်းပြည်ကောင်စီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင်(ICNCC/CB) အင်အားစု ၂ခုအကြား ညီညွတ်ရေးဖော်ဆောင်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို မေးမြန်းရာမှာ ချင်းပြည်ကောင်စီက အခုလို အသိပေးခဲ့တာပါ။

ချင်းညီညွတ်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒအပြည့်အ၀ရှိတယ်ဆိုတာ ထုတ်ပြန်ပြီးသား ဖြစ်သလို ပြီးခဲ့တဲ့ ဇူလိုင်က တတိယအကြိမ် ချင်းပြည်ကောင်စီ အစည်းအဝေးမှာလည်း ညီညွတ်ရေးကိစ္စကို နည်းလမ်းပေါင်းစုံနဲ့ ဦးစားပေး လုပ်ဆောင်ဖို့ မူဝါဒ ချထားကြောင်း အသိပေးပါတယ်။

ချင်းပြည်ကောင်စီအနေနဲ့ ညီညွတ်ရေးအတွက် တာဝန်ပျက်ကွက်မှု မရှိအောင် ညီညွတ်ရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ တက်ကြွစွာ ပါဝင်နေတယ်လို့ အသိပေးပါတယ်။

ချင်းပြည်ကောင်စီနဲ့ ICNCC/CB တို့ဟာ ချင်းအမျိုးသားတွေပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းမယ်လို့ ၂၀၂၅နှစ်ဆန်းပိုင်းမှာ သဘောတူညီခဲ့ပေမဲ့ ဒါကို လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းတော့ မရှိသေးပါဘူး။

ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ချင်းတွေ စည်းလုံးညီညွတ်မှု မရှိဘူး ပြောကြာတာ တဖက်က ကြည့်ရင် ဟုတ်သလိုလို ရှိပေမဲ့ ညီညွတ်မှု ရှိတဲ့အပိုင်းလည်းရှိတယ်လို့ အသိပေးပါတယ်။

“ဆိုရှယ်မီဒီယာတွေထဲမှာ ကြည့်လိုက်ရင်တော့ တကယ်ပဲ ကွဲပြားနေသလို တကယ်ပဲ အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ပုံစံဖြစ်နေတာပေါ့။ ဒါပေမဲ့ ရန်သူလာရင်တော့ ၀ိုင်းတိုက်ကြတာပဲ” လို့ ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

ချင်းပြည်နယ်အတွင်း စစ်တပ်ထိုးစစ်ဆင်လာချိန် ချင်းတော်လှန်ရေးတပ်တွေအတူ ၀ိုင်းဝန်း တိုက်ခိုက်ခဲ့တာကို သူက ဥပမာပေး ပြောကြားတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်က ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလည်း ဒေါက်တာရွှေခါးရ်က အခုလို အသိပေးပါတယ်။ ဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်ကောင်စီအနေနနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ မူဝါဒတွေအတိုင်းခိုင်မာစွာ ရပ်တည်ကြောင်း ပြောကြားပါတယ်။

“မင်းအောင်လှိုင် ငြိမ်းချမ်းရေးခေါ်နေတဲ့ဟာက ငြိမ်းချမ်းရေးမှ မဟုတ်တာ။ တကယ့်ငြိမ်းချမ်းရေးခေါ်ချင်ရင်တော့ တကယ့်ငြိမ်းချမ်းရေးလိုချင်ရင်တော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ Inclusive နဲ့ ခေါ်သင့်တာပေါ့။ EAO(တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့)ပဲ ခေါ်ပြီးတော့ ကျန်တဲ့သူမခေါ်ဘူးဆိုတဲ့ ပုံစံမျိုး မဖြစ်သင့်ဘူး” လို့ ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

SCEFဟာ ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် ကချင်၊ ကရင်၊ ချင်း၊ ကရင်နီ တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ စုဖွဲ့ထားတာဖြစ်ပြီး စစ်တပ်ကို စစ်ရေး၊ နိုင်ငံရေးအပါအဝင် ဘက်ပေါင်းစုကနေ စုပေါင်းတိုက်ခိုက်ဖို့ စုဖွဲ့ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(CDF)- မတူပီအနေနဲ့ ချင်းပြည်​ကောင်စီ ချင်းပြည်အစိုးရရဲ့စစ်မှုထမ်း မူဝါဒအရအထက်မှညွှန်ကြားချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်လို့ ပါဝင်ပူးပေါင်းကြဖို့ CDF မတူပီကမတ်လ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ရာ ချင်းပြည်ကို ချင်းအမျိုးသားပြည်သူတွေရဲ့ အသက်၊ သမိုင်းနဲ့ အနာဂတ်တို့အတွက် ရင်းနှီးတည် ဆောက်ထားခြင်းဖြစ်လို့ အရွယ်ရောက်ပြည်သူတိုင်း ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကြရမယ်လို့ ဖော်ပြထားပါတယ်။