Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးနဲ့ နိုင်ငံရေးမှာ ချင်းကာကွယ်ရေးတပ်တွေရဲ့ အခန်းကဏ္ဍမြှင့်တင်ဖို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် CDFများ တွေ့ဆုံ

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

(ချင်းအမျိုးသားတပ်မတော်(CNA)ရဲ့ တပ်ခွဲမှူးသင်တန်းနဲ့ အကြပ်ငယ်သင်တန်းဆင်းပွဲ။ ဓာတ်ပုံ - Chinland Information Center)

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ချင်းပြည်ကောင်စီ CDF တွေဟာ စက်တင်ဘာ ၂၅ရက်ကနေ ၂၇ရက်အထိ ချင်းပြည်တနေရာမှာ သီးသန့်တွေ့ဆုံဆွေးနွေးကာ အခုလို အသိပေးလာတာဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ ချင်းပြည်တည်ဆောက်ရေး၊ ချင်းအမျိုးသားညီညွတ်ရေးနဲ့ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး အတွက် စစ်ရေးနဲ့ နိုင်ငံရေးမှာ CDF တွေရဲ့ အခန်းကဏ္ဍ မြင့်တင်ဖို့၊ ချင်းနွေဦးတော်လှန်ရေး အဖွဲ့များ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ တွေ သဘောထား စုစည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

” ၂၀၂၁ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း ချင်းတော်လှန်ရေးအဖွဲ့များအကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် စည်းလုံးညီညွတ်မှုအားနည်းနေသည့်အပေါ် ချင်းပြည်သူများလည်း စိုးရိမ်မှုရှိနေသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရပါသည်။” လို့လည်း ဖော်ပြထားပါတယ်။

ချင်းပြည်ကောင်စီအဖွဲ့ဝင် CDFတွေအနေနဲ့ ချင်းပြည် (Chinland) ကောင်စီ စုစည်းမှုပိုမို အားကောင်းရေးနဲ့ ချင်းတော်လှန်ရေး အဖွဲ့များ စုစည်းပြီး စစ်အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ဆက်လက်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ပြည်သူတွေကို အသိပေးကြောင်းလည်းထုတ်ပြန်ပါတယ်။

ချင်းပြည်ကောင်စီကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)နဲ့ CDF တပ်တွေ ပူးပေါင်းစုဖွဲ့ထားတာဖြစ်ပြီး စစ်ရေးဆိုင်ရာကို ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကြီးကြပ်မှုနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ CNA နဲ့ ဒေသကာကွယ်ရေးတပ် CDF ၁၉ ဖွဲ့ ပါဝင်ပြီး ပူးတွဲစစ်ဆင်ရေးတွေကို ညှိနှိုင်းဖော်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

မြေပြင် စစ်ဆင်ရေးလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ကာကွယ်ရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ကို သက်ဆိုင်ရာတပ်ဖွဲ့တွေက ထိပ်ပိုင်းအရာရှိတွေနဲ့ ၂၀၂၅ အောက်တိုဘာမှာ ဖွဲ့စည်းထားကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အမိန့်ပေးစီးဆင်းမှုစနစ် တခုတည်းအောက်မှာ CNA နဲ့ CDF များ စုစည်းနိုင်ရေး ချင်းပြည်အစိုးရတပ်ဖွဲ့ ဖွဲ့စည်းမှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေကြောင်းလည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးမဟုတ်၊ ဆွေးနွေးရေးကိစ္စ SCEF ရဲ့မူအတိုင်း အခိုင်အမာရပ်တည်ဟု ထုတ်ပြန်

Trending

Facebook