Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်ကောင်စီက စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေသုံးသပ်တဲ့ အစည်းအဝေး ပြုလုပ်

ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးကို ကောင်စီရုံးစိုက်ရာ ချင်းလုံမြို့မှာ ကျင်းပခဲ့ပြီး စစ်ရေး နဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ဆွေးနွေးခဲ့ဟု ချင်းပြည်ကောင်စီက အသိပေးပါတယ်။

အောက်တိုဘာ ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးကို ကောင်စီရုံးစိုက်ရာ ချင်းလုံမြို့မှာ ကျင်းပခဲ့ပြီး စစ်ရေး နဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ဆွေးနွေးခဲ့ဟု ချင်းပြည်ကောင်စီက အသိပေးပါတယ်။

ချင်းပြည်ကောင်စီ ဒုတိယသက်တမ်း ၊ ကောင်စီဦးဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ရက်ကနေ အောက်တိုဘာ ၂ရက်အထိ ကျင်းပခဲ့ကြောင်း Chinland Channel ရဲ့ သတင်းဖော်ပြချက်ကို ချင်းပြည်ကောင်စီက ပြန်လည်မျှဝေခဲ့တာပါ။ အဲဒီ ဖော်ပြချက်မှာ ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းကပ်ချင်းထန်းရဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်တဲ့ ပြောကြားချက်လည်း ပါရှိပါတယ်။

” အစည်းအဝေးမှာတော့ လတ်တလော ချင်းပြည် (Chinland) စစ်ရေးအခြေအနေ ၊ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ခြင်းပေါ့နော်၊ နောက်အဓိက,က ကောင်စီအဖွဲ့ဝင်တွေ – ကာကွယ်ရေးဝန်ကြီးဌာန ရဲ့အောက်မှာရှိတဲ့ တပ်ဖွဲ့တွေ CNA နဲ့ CDF တွေ ၊ ချင်းပြည်အစိုးရတပ်ဖွဲ့ တပ်ရင်းတွေမှာ ကာကွယ်ရေးဥပဒေမပြဌာန်းမီ ကျင့်သုံးဖို့ ချင်းပြည် စစ်ဘက်တရားရုံး အဆင့်ဆင့်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆိုတာကို ကျနော်တို့ အတည်ပြုနိုင်ခဲ့ပါတယ်” လို့ ဆလိုင်းကပ်ချင်းထန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒါတွေကို ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေမှာ သုံးဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်ဖွဲ့တွေ ရှိတာဖြစ်ပါတယ်။

” ပြီးတော့ စစ်အာဏာရှင် တော်လှန်ရေးမှာ စွန့်လွှတ်ပေးဆပ်ခဲ့သူများဆိုင်ရာ မူဝါဒကို ပြင်ဆင်ချက်နဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။ တခြားဆွေးနွေးခဲ့တာတွေ၊ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာတွေလည်း ရှိပါတယ်” ဟု ဆလိုင်းကပ်ချင်းထန်းက ပြောပါတယ်။

အခု ကျင်းပတဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးဟာ ကောင်စီဒုတိယသက်တမ်းရဲ့ ၆ ကြိမ်မြောက် အစည်းအဝေး ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါအစည်းအဝေးသို့ ချင်းပြည် ( Chinland ) ကောင်စီ ဦးဆောင်အကြီးအကဲများ၊ အဖွဲ့ဝင် အစုအဖွဲ့ (၃) ခုမှ ဦးဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း Chinland Channel က ဖော်ပြထားပါတယ်။

ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF/CNA ) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းခဲ့ရာ ကောင်စီရဲ့ ပုံမှန်လုပ်ငန်းညှိင်းအစည်းအဝေး ဖြစ်ပြီး ထူးထူးထွေထွေ ပြောကြားဖို့ မရှိဟု သူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)က စစ်ကြောင်းထွက်လာတဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန် ရေးရဲဘော်တွေကသတိပေးပါတယ်။

သတင်း

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

Facebook