Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့ စစ်ရေးသတိရှိဖို့ သတိပေး

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

(တမူးခရိုင် ပြည်သူ့ကာကွ​​​​ယ်ရေးတပ်မတော်(PDF)ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - တမူးခရိုင် အမှတ်-၂ တပ်ရင်း)

စက်တင်ဘာ-၁၇၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ တမူးခရိုင် ၊ တမူးမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်လာနိုင်ကြောင်း ဒီ‌နေ့ စက်တင်ဘာ ၁၇ရက်မှာ သတိပေးတာဖြစ်ပါတယ်။

တမူးခရိုင်အတွင်းရှိ အာရှလမ်းမကြီးအပြင် မြို့နဲ့ ကျေးရွာချင်းဆက်လမ်းတွေ၊ တောလမ်းများ အသုံးပြုသွားလာရာမှာ အထူးသတိပြုကြဖို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ ချိတ်ဆက်တာ၊ စစ်ကောင်စီရဲ့ပစ္စည်းတွေ သယ်ယူပေးတာ၊ ပူးပေါင်းဆောင်ရွက်ထားမလုပ်ကြဖို့လည်း သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒေသတွင်းမှာရှိနေသူအားလုံး သတိဝိရိယနဲ့ သွားလာနေထိုင်ကြဖို့လည်း တိုက်တွန်းထားပြီး လိုက်နာမှုမရှိလို့ နောက်ဆက်တွဲပြဿနာတွေဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ တမူးခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က လူမှုကွန်ရက်ကတဆင့် သတိပေးထားကြပါတယ်။

တမူးခရိုင်ထဲမှာ မြို့သစ်မြို့၊ ခါမ်းပါတ်မြို့နဲ့ တမူးမြို့တို့ ပါဝင်ပြီး စစ်ကောင်စီက တမူးမြို့ပေါ်ကိုသာ အပြည့်အဝထိန်းချုပ်ထားနိုင်ပါတယ်။ ခါမ်းပတ်မြို့ကို တော်လှန်​ရေးတပ်​တွေက ၂၀၂၃ နိုဝင်ဘာ၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ PDF ​တွေ ပထအဆုံးသိမ်းပိုက်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လကစပြီး ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်‌ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ မြို့သစ်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄ မေလမှာ သိမ်းယူခဲ့ပါတယ်။ တမူးမြို့ကိုလည်း စစ်ကောင်စီက မြို့ထဲကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို နယ်မြေစိုးမိုးမူပြန်ယူမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းက အိန္ဒိယခရီးစဥ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ကလေး-ခါမ်းပတ်- တမူးလမ်းအတိုင်း စစ်ကောင်စီစစ်ကြောင်းတွေဝင်လာပြီး ခါမ်းပတ်မြို့ကို ဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမကြီးမှာ ပါဝင်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ အိန္ဒိယအစိုးရကို တော်လှန်နေတယ်ဆိုတဲ့ ကသည်းတပ်‌နဲ့ နာဂလက်နက်ကိုင်တပ်တွေလည်းပါဝင်တယ်လို့ တော်လှန်ရေးတပ်တွေဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေ အနေနဲ့ စစ်ရေးသတိရှိဖို့ ရေတာရှည်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း(၃၅၀၄) သတင်းပြန်ကြားရေးဌာန တာဝန်ခံ က သတိပေးတိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးနဲ့ ခမ်းပါတ်မြို့ကြားမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သားအချို့သေဆုံးမှုရှိသလို အရပ်သားအချို့လည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းအဖြစ် ပြောင်းလဲရပ်တည်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။