အောက်တိုဘာ-၁၆၊၂၀၂၆။ကတ်သရင်း/ People’s Spring
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထီးချိုင့် နဲ့ ဝန်းသိုမြို့နယ်ကို ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ် တွေကခုခံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန် နေပြီးစစ်အုပ်စုက လေကြောင်းကနေ ပစ်ကူပေးဗုံးတွေဆက်တိုက်ကြဲနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ ဒေသခံတချို့ကပြောပါတယ်။
အောက်တိုဘာလပထမ အပတ်ကတည်းက အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်မှဝန်းသိုမြို့နယ်ဘက်သို့စစ်ကြောင်းတစ်ကြောင်း၊ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်း တကြောင်းထိုးလာတာလို့တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။စစ်ကြောင်းတစ်ကြောင်းမှာအင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိတယ်လို့သိရပါတယ်။
အင်းတော်မြို့ဘက်က နေဝန်းသို မြို့နယ်ဘက်ကိုထိုးနေတဲ့ စစ်ကြောင်းဟာ မဲဇာရွာကို ကျော်ပြီး ဝန်းသိုမြို့နယ်ထဲက တပ်လွင်ရွာကို ကျော်ကာ ဆက်လက်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement
“မဲဇာမှာ ထိတွေ့မှုဖြစ်တယ်။စကစဘက်က အတော်ကိုကျတယ်။အသေခံတိုးလာတာ။တပ်လွင်မှာလည်း၂ ရက် လောက်ဖြစ်တယ်။ဒီမှာလည်း အတော်ကိုကျတာ ။အခုလည်း လေယာဉ်ပစ်ကူနဲ့ဒရုန်းအကူတွေသုံးပြီးဆက်တိုက် တိုး နေတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အင်းတော်မြို့ကနေ ထီးချိုင့်မြို့ကို ထိုး နေတဲ့ စစ်ကြောင်းကလည်း အောက်တိုဘာလ ၁၆ ရက်နေ့ မှာ ကြိမ်းချောင်းနဲ့ ပိန်းအင်း ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး စစ်ကြောင်းထပ်တိုးဖို့ ကြိုးစား နေတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တချို့က ပြောပါတယ်။
“ဒီစစ်ကြောင်းကလည်း ၅ ရက်လောက်ရှိပြီတိုက်ပွဲပြင်းထန်နေတာ။မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ဒီမနက် လေယာဉ်နဲ့လာကြဲသွားတယ်”လို့ တော်လှန် ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
စစ်တပ်စစ်ကြောင်း ၂ ကြောင်းထိုးတဲ့ ကျေးရွာတွေကို စစ်တပ်ကလေယာဉ်တွေနဲ့ဆက်တိုက်ဗုံးကြဲ နေပြီးဒေသခံကျေးရွာတွေကပြည်သူအများအပြားရှောင် တိမ်းနေကြရပါတယ်။
“ကြိမ်းချောင်းက ထွက်လာတာတပါတ်လောက်ရှိပြီ။အဲဒီကတည်းက လေယာဉ် တွေကြဲနေတာ။ကျွန်မတို့ကတိုက်ပွဲသံ တွေလည်းအရမ်းနီးလာလို့ထွက်လာတာ။ဒီမနက်လည်းကြဲသွားတယ်။မဲဇာရော၊ဒီဘက်ရောက ဆက်တိုက်ကိုကြဲနေတာ”လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်း တွေကိုတပ်မ(၃၃) ကဒုတိယတပ်မမှူးဦးစီးပြီး စစ်မှုထမ်းပေါ်တာဆွဲထားတဲ့လူငယ်စစ်သားသစ်တွေ(ပစတွေ)အများစုနဲ့ စစ်ကိုင်းအခြေစိုက်တပ်မ(၃၃)လက် အောက်ခံတပ်ရင်းတွေက စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။
အဆိုပါတပ်ရင်းတွေက တိုက်ပွဲတွေမှာဒဏ်ရာရသူတွေကို ၁၅ရက်တခါ ဒဏ်ရာရတာများရင် များသလို မန္တလေးမြို့၊နန်းတွင်း ဆေးရုံကို ဆေးရုံပြန်တင်သလို အင်အားလည်း ဆက်တိုက်ပို့ နေတယ်လို့ စုံစမ်းသိရပါတယ်။
















































