အောက်တိုဘာ-၁၂၊၂၀၂၆။အိမ်သွင်/People’s Spring
အင်းတော်မြို့နယ်၊မဲဇာရွာကထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာလေကြောင်း ပစ်ကူယူပြီး ဝန်းသိုမြို့နယ်ဘက်က်ို ဦးတည်နေတယ်လို့ သတင်းရရှိပါတယ်။
အင်အား ၁,၀၀၀ ကျော်ပါတဲ့အဲဒီစစ်ကြောင်းဟာမဲဇာရွာကိုထိန်းချုပ်ပြီးတဲ့နောက်ပိုင်း အောက်တိုဘာလ၁၁ရက်နေ့ညနေက ပါအောရွာကို ရောက်ရှိခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ပါအောရွာကနေ ဗန်းမောက်နဲ့ ဝန်သိုဘက်ကိုသွားလို့ရပြီး စစ်ကစစ်ကြောင်းကအောက်တိုဘာလ၁၂ရက် မနက်ပိုင်းမှာ ဝန်းသိုမြို့နယ်ဘက်က်ို ဦးတည်သွားတာလို့သိရပါတယ်။
” မဲဇာကိုစစ်တပ်ကထိန်းသွားပြီ။ အခုကဝန်းသိုနယ်အတွက်အထူးသတိထားရမယ့်အခြေအနေဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာတင် ပါအော နဲ့ တပ်လွင်ရွာဘက် ဗုံးကြဲသွားပါပြီ။ တိုက်ပွဲလည်းဆက်ဖြစ်နေပါတယ်”လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အင်းတော်နဲ့ဝန်းသိုမြို့နယ်ဟာ မိုင် ၄၀ နီးပါးကွာဝေးပါတယ်။ကောလင်းခရိုင်၊ အမှတ်(၄)တပ်ရင်းကတော့ ဝန်းသို့မြို့နယ်ကဒေသခံတွေအတွက် လုံခြုံရေးအထူးသတိပြုနေထိုင်ကြဖို့ အောက်တိုဘာလ၁၁ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဒေသတွင်းမှာ စစ်တပ်ကနယ်မြေထိန်းချုပ်နိုင်ရေးအတွက်ကြိုးစားနေပြီး လေကြောင်းကနေ အချိန်မရွေးပစ်ခတ်နိုင်တာကိုသတိပြုဖို့နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကိုသတိပြုဖို့ ထုတ်ပြန်ထားပါတယ်။
အရေးပေါ်အခြေအနေကြုံတွေ့လာခဲ့ရင် တည်ငြိမ်စွာဖြေရှင်းဖို့နဲ့ လိုအပ်တဲ့အကူအညီတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ ဆက်သွယ်တောင်းခံဖို့လည်း အသိပေးထားပါတယ်။ဒါ့အပြင်လူမှုကွန်ရက်သုံးစွဲမှုကိုဂရုပြုဖို့၊ လူစုလူဝေးနေထိုင်မှုကို ရှောင်ရှားပေးဖို့နဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ ဝေးရာမှာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။အင်းတော်မြို့နယ်ထဲမှာ အောက်တိုဘာ၁၀ရက်နေ့ကတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦးသေဆုံးခဲ့ပါတယ်။



















































