Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုမှာ စစ်တပ်က စစ်ရေးလှုပ်ရှားလာ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဝန်းသိုမြို့နယ်ကို ရောက်ရှိနေပြီး ဝန်းသိုအခြေစိုက် စစ်တပ်ရင်း ၂ခုကလည်း စစ်ရေးပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။

(အင်းတော်ဒေသက စစ်ဘေးရှောင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အောက်တိုဘာ-၁၅၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဝန်းသိုမြို့နယ်ကို ရောက်ရှိနေပြီး ဝန်းသိုအခြေစိုက် စစ်တပ်ရင်း ၂ခုကလည်း စစ်ရေးပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။

အင်းတော်မြို့နယ်၊ မဲဇာရွာက အောက်တိုဘာ ၁၀ရက်က ထွက်လာတဲ့စစ်ကြောင်းဟာ ပါအောနဲ့ တပ်လွင်ကျေးရွာကို ရောက်ရှိပြီးတဲ့နောက် လက်ရှိမှာ ကျောက်တောရွာနဲ့ဆင်ကုန်းကျေးရွာကို ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မနက်ပိုင်းမှာ ပြောပါတယ်။

” စစ်ကြောင်းက ရှေ့ကိုဆက်တိုးလာတယ်။ လေယာဉ်လည်း မနေ့က လာပစ်သွားတယ်။ နောက်ပြီး ဝန်းသိုမြို့ထဲက တပ်တွေလည်း လှုပ်နေတယ်”လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝန်းသိုမြို့မှာ စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ(၁၁၁)နဲ့ခမရ (၁၂၀) တပ်ရင်း ၂ခု ရှိပါတယ်။ အဲဒီတပ်ရင်း ၂ခုကို ပြီးခဲ့တဲ့ ဇူလိုင်ထဲမှာ စစ်တပ်က လေကြောင်းကအားအင်အားတွေဖြည့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ နဲ့ ၂၀၂၆ ဇန်နဝါရီက ဝန်းသိုနဲ့ကောလင်းမြို့ကြားတိုက်ပွဲတွေမှာ ခမရ(၁၁၁)နဲ့ခမရ (၁၂၀)တပ်ရင်းက ထွက်လာတဲ့ စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်လို့ စစ်ကြောင်းပျက်ခဲ့ဖူးပါတယ်။

လက်ရှိမှာ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးပြီးလေကြောင်းကနေလည်း ဗုံးကြဲနေတယ်လို့ သိရပါတယ်။ မနေ့က အောက်တိုဘာ ၁၄ရက်မှာ ဝန်းသိုမြို့နယ်က ထန်းတပင်ရွာကို ဗုံးကြဲသွားပါတယ်။

စစ်ဘေးတိမ်းရှောင်နေကြရတဲ့အတွက် ထိခိုက်မှုအခြေအနေကိုမသိရသေးဘူး လို့ ဒေသခံတွေကပြောပါတယ်။ ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ ဗန်းမောက်၊ ကောလင်းမြို့နယ်တွေထဲကရွာတွေမှာလည်း စစ်ကြောင်းအန္တရာယ်ကို နားစွင့်စောင့်ကြည့်ဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

ဒေသတွင်းမှာ စစ်တပ်က နယ်မြေရရှိရေးအတွက်ကြိုးစားနေပြီး လေကြောင်းကနေ အချိန်မရွေးပစ်ခတ်နိုင်တာကိုသတိပြုဖို့နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကိုသတိပြုဖို့ ဝန်းသို့မြို့နယ်ကဒေသခံတွေကို ကောလင်းခရိုင် ၊ အမှတ်(၄)တပ်ရင်းက သတိပေး ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။