Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းမှာလေကြောင်းတိုက်ခိုက်လို့အမျိုးသမီးနှစ်ဦးသေဆုံး

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ဧရာဝတီမြစ်ရေလယ်ကျွန်းဒေသကိုဒီနေ့ (အောက်တိုဘာ၁၆ ရက် )ညနေပိုင်းမှာအာဏာသိမ်းစစ်တပ်ကလေ ကြောင်းကနေတိုက်ခိုက်တာကြောင့်အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ဧရာဝတီမြစ်ရေလယ်ကျွန်းဒေသကိုဒီနေ့ (အောက်တိုဘာ၁၆ ရက် )ညနေပိုင်းမှာအာဏာသိမ်းစစ်တပ်ကလေ ကြောင်းကနေတိုက်ခိုက်တာကြောင့်အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

အောက်တိုဘာ – ၁၆၊၂၀၂၆

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ဧရာဝတီမြစ်ရေလယ်ကျွန်းဒေသကိုဒီနေ့ (အောက်တိုဘာ၁၆ ရက် )ညနေပိုင်းမှာအာဏာသိမ်းစစ်တပ်ကလေ ကြောင်းကနေတိုက်ခိုက်တာကြောင့်အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ဒီနေ့ ညနေပိုင်းမှာမတ္တရာမြို့နယ်အနောက်တောင်ခြမ်းရှိမိုးကြိုးရွာ၊ရေလယ်ကျွန်းရွာ၊အိုင့်ဒိုင်ရွာနဲ့ မယ်ဇလီချောင်းရွာတို့ကိုလေကြောင်းတိုက်ခိုက်ခဲ့တာပါ။

တိုက်လေယာဉ်နဲ့တိုက်ခိုက်တာဖြစ်ပြီးမိုးကြိုးရွာကအသက်၈၀အရွယ် အဘွားအိုတစ်ဦးနှလုံးရပ်သေဆုံးခဲ့သလိုအိုင့်ဒိုင်ရွာမှာအသက်၄၀အရွယ်အမျိုးသမီးလည်းဗုံးစထိမှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင်မိုးကြိုးရွာကအမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦး၊မယ်ဇလီချောင်းရွာဒေသခံလေးဦးနဲ့ ကျန်တဲ့ရွာက တစ်ဦးစီ ဒဏ်ရာရခဲ့ကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲဘော်ဝေကြီးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ပန်းလှအုပ်စု၊ ပန်းလှတောရကျောင်းတိုက် စစ်တပ်လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ခဲ့တဲ့ သံဃာ ၃ ပါးနဲ့ ပြည်သူ ၂ ဦး တစ်ပတ်ကြာတဲ့အထိ ဆေးကုသနေရဆဲ ဖြစ်ပြီး သံဃာ ၁ပါး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဦး သေဆုံးပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဒီကနေ့ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး မသန်စွမ်း ၁ဦးအပါအဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။