Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

ရေစက်တို့မည်သည်… Past Lives

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတဲ့ နိုရာနဲ့ ဟယ်ဆုန်တို့ဟာ ငယ်သူငယ်ချင်း အရင်းအချာတွေပါ။ နှစ်ဖက်မိခင်တွေကလည်း ကလေးတွေရဲ့ သံယောဇဉ် အတိမ်အနက်ကို နားလည်ခဲ့ကြတယ်။ ကလေးတွေ အသက် ၁၂ နှစ်အရွယ်မှာ နိုရာရဲ့ မိသားစု အမေရိကကို ပြောင်းရွှေ့သွားခဲ့တာကြောင့် လမ်းခွဲခဲ့ကြရပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတဲ့ နိုရာနဲ့ ဟယ်ဆုန်တို့ဟာ ငယ်သူငယ်ချင်း အရင်းအချာတွေပါ။ နှစ်ဖက်မိခင်တွေကလည်း ကလေးတွေရဲ့ သံယောဇဉ် အတိမ်အနက်ကို နားလည်ခဲ့ကြတယ်။ ကလေးတွေ အသက် ၁၂ နှစ်အရွယ်မှာ နိုရာရဲ့ မိသားစု အမေရိကကို ပြောင်းရွှေ့သွားခဲ့တာကြောင့် လမ်းခွဲခဲ့ကြရပါတယ်။
  • ဝဇီရာ/People’s Spring

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတဲ့ နိုရာနဲ့ ဟယ်ဆုန်တို့ဟာ ငယ်သူငယ်ချင်း အရင်းအချာတွေပါ။ နှစ်ဖက်မိခင်တွေကလည်း ကလေးတွေရဲ့ သံယောဇဉ် အတိမ်အနက်ကို နားလည်ခဲ့ကြတယ်။ ကလေးတွေ အသက် ၁၂ နှစ်အရွယ်မှာ နိုရာရဲ့ မိသားစု အမေရိကကို ပြောင်းရွှေ့သွားခဲ့တာကြောင့် လမ်းခွဲခဲ့ကြရပါတယ်။

၁၂ နှစ်အကြာမှာ သူတို့နှစ်ယောက် အင်တာနက်ကနေတဆင့် ပြန်လည်ဆက်သွယ်မိကြတယ်။ အွန်လိုင်းပေါ်မှာ ခံစားချက်တွေ ပြန်လည်နိုးကြားလာခဲ့တယ်။ ဒါပေမယ့် နိုရာဟာ ဒီဆက်ဆံရေးကို ခေတ္တရပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နိုရာဟာ ငယ်စဉ်ကတည်းက ရည်မှန်းချက်ကြီးမားပြီး အမေရိကမှာ စာရေးဆရာမတစ်ဦးအဖြစ် အောင်မြင်ချင်တဲ့ ဆန္ဒပြင်းပြတဲ့သူ။ စာပေဆုတွေ ရချင်တဲ့သူ။

ဟယ်ဆုန်နဲ့ အွန်လိုင်းမှာ စကားပြောရတာ အဆင်ပြေပေမဲ့ နေ့စဉ်နေ့တိုင်း စကရင် (screen) ကိုကြည့်ပြီး စောင့်မျှော်နေရတာ၊ ဟယ်ဆုန်နဲ့ စကားပြောဖို့ပဲ အချိန်ပေးနေရတာတွေက သူမရဲ့ ရည်မှန်းချက်တွေနဲ့ စာရေးဆရာဘဝ အိပ်မက်ကို အာရုံစိုက်လို့မရဘူးလို့ နိုရာတွေးခဲ့ပုံပေါ်ပါတယ်။

နိုရာက နယူးယောက်မှာ အခြေကျဖို့ ကြိုးစားနေဆဲဖြစ်ပြီး ကိုရီးယားကို ပြန်ဖို့ ဆန္ဒမရှိပါဘူး။ ဟယ်ဆုန်ကလည်း ကိုရီးယားမှာပဲ ဘဝကို ဆက်လက်တည်ဆောက်ရမယ့်သူ။ ဒါကြောင့် သူမရဲ့ ဘဝလမ်းကြောင်း မတိမ်းစောင်းသွားစေဖို့အတွက် ဟယ်ဆုန်ကို ခေတ္တအဆက်အသွယ် ဖြတ်ထားကြရအောင်လို့ ပြတ်ပြတ်သားသား ပြောဆိုပြီး ဆက်ဆံရေးကို ရပ်တန့်ပစ်ခဲ့တယ်။

Public Service Announcement

Public Service Announcement

နောက်ထပ် ၁၂ နှစ်အကြာ အသက် ၃၆ နှစ် လူလတ်ပိုင်းအရွယ်မှာ နိုရာဟာ အမေရိကန်စာရေးဆရာ Arthur နဲ့ အိမ်ထောင်ကျပြီး နယူးယောက်မှာ အခြေကျနေချိန်မှာ ဟယ်ဆုန်က နိုရာကိုတွေ့ဖို့ နယူးယောက်ကို ရောက်ရှိလာခဲ့တယ်။

ဟယ်ဆုန်က နယူးယောက်ကို လာတဲ့အခါ နိုရာသာ ငယ်ငယ်က ကိုရီးယားမှာသာ ဆက်နေခဲ့မယ်ဆိုရင် သူတို့နှစ်ယောက် ဘယ်လိုဘဝမျိုး ပိုင်ဆိုင်နေမလဲဆိုတဲ့ မေးခွန်းမျိုးတွေ မေးတယ်။ နိုရာက သူမဟာ ငယ်ငယ်က နိုရာ မဟုတ်တော့ဘဲ ခုချိန်မှာ နယူးယောက်သူ နိုရာ ဖြစ်နေပြီဖြစ်ကြောင်း၊ အတိတ်ကို ပြန်ပြင်လို့ မရတော့ကြောင်း နူးညံ့စွာ ပြန်ပြောပြခဲ့တယ်။

ကိုရီးယားအယူအဆအရ လူနှစ်ယောက် ဘဝတစ်ခုမှာ ဆုံတွေ့ဖို့အတွက် လွန်ခဲ့တဲ့ အတိတ်ဘဝပေါင်းများစွာ (ဘဝ ၈,၀၀၀ ခန့်) မှာ အဆက်အစပ်တွေ ရှိခဲ့ဖူးရမယ်လို့ ယုံကြည်တာဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ ရေစက်ပေါ့။

တကယ်တော့ နိုရာဟာ ဟယ်ဆုန်ကို ချစ်ခဲ့ပါတယ်။ သို့ပေမဲ့ ရည်မှန်းချက်ကြီးတဲ့သူမို့ သူ့ဘဝဟာ ကိုရီးယားမှာ မရှိဘူးဆိုတာကို သဘောပေါက်ခဲ့တယ်။ သူနဲ့နိုရာဟာ ဒီဘဝမှာတော့ဖြင့် ရေစက်ကုန်သွားခဲ့ပြီဆိုတာကို သူနားလည်ခဲ့တယ်။

အတိတ်ဘဝက ဘယ်လောက်ပဲ နက်နဲတဲ့ ရေစက်ရှိခဲ့ပါစေ၊ ဒီဘဝမှာတော့ နိုရာနဲ့ ဟယ်ဆုန်တို့ရဲ့ လမ်းကြောင်းတွေက ကွဲပြားသွားပါပြီ။ နိုရာက နယူးယောက်မှာ အိမ်ထောင်ကျပြီး သူမရဲ့ အနာဂတ်ကို တည်ဆောက်ပြီးနေပါပြီ။ ဟယ်ဆုန်ကလည်း သူ့ရဲ့ ကိုရီးယားက ဘဝနဲ့ ရှေ့ဆက်ရပါမယ်။ ဒါကြောင့်ပဲ မဆုံနိုင်တော့တာကို ငြိမ်းချမ်းစွာ လက်ခံပြီး လွှတ်ချလိုက်တာပါပဲ။

ဒီကာလထဲမှာပဲ အညာသူအညာသား ဆယ်ကျော်သက် ကောင်လေးနဲ့ ကောင်မလေးတစ်ယောက် မြို့ကလေးတစ်မြို့မှာ အလုပ်လုပ်ရင်း ဆုံကြတယ်။ နှစ်ယောက်သား ချစ်သူရည်းစားတွေဖြစ်ပြီး ခိုးပြေးကြတယ်။ နှစ်ဖက်မိဘ လှမ်းအကြောင်းကြားတယ်။ ထုံးစံအတိုင်း မိန်းကလေးရဲ့ရွာကို ယောကျာ်းလေးရှင်တွေက သွားရောက်တောင်းရမ်းရမယ်။ အဲဒီမှာ ပြဿနာစပါတယ်။

သူတို့နှစ်ယောက်ရဲ့ရွာက မြစ်ကြီးတစ်ဖက်စီက ရွာတွေပါ။ သို့သော် ယောကျာ်းလေးရဲ့ရွာက တော်လှန်ရေးစိုးမိုးထားတဲ့ရွာ။ မိန်းကလေးဘက်ကတော့ စစ်တပ်က တပ်စွဲထားပြီး ပျူစောထီးကြီးစိုးတဲ့ရွာ။ တော်လှန်ရေးဘက်ကတော့ သွားပါလို့ ခွင့်ပြုတယ်။ မိန်းကလေးဘက် ရွာကတော့ လက်မခံပါဘူးတဲ့။ ဒါနဲ့ပဲ နှစ်ယောက်သား ဝေးခဲ့ကြရတယ်။ ခေတ်ကြောင့်ပဲ ရေစက်တွေ မြန်မြန်ဆန်ဆန် ကုန်သွားခဲ့ကြတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်တော်တို့နိုင်ငံက လူငယ်တွေလည်း ရေကြည်မယ့် မြက်နုမယ့် နိုင်ငံတွေဆီ တဝေါဝေါနဲ့ ပြောင်းရွှေ့သွားခဲ့ကြရတယ်။ နိုရာတို့လိုပဲ ရေစက်မဆုံကြတော့တဲ့ လူငယ်စုံတွဲတွေလည်း အများကြီး ရှိနေမှာပါ။ နိုရာလို အရှိကို အရှိအတိုင်း လက်ခံနိုင်တဲ့သူတွေလည်း ရှိနိုင်သလို ဟယ်ဆုန်လို မျှော်လင့်တကြီး စောင့်နေခဲ့တဲ့သူတွေလည်း ရှိနေဦးမှာ အမှန်ပါ။

ဆက်စပ်သတင်းများ