Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား အရှေ့ဖျား ဒေသမှာ ခရီးသည်တင် လေယာဉ် ပျက်ကျပြီး ၂၈ ဦးသေဆုံး

လေယာဉ်ပေါ်မှာ အမှုထမ်း ၆ ဦးနဲ့ ခရီးသည် ၂၂ ဦး လိုက်ပါသွားကြောင်း ဝန်ကြီးဌာနက ကြေညာပါတယ်။ ပါလာနား မြို့တော်ဝန်က လေယာဉ် ပျက်ကျမှုမှာ အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ အတည်ပြုသွားခဲ့ပါတယ်။

ရုရှားနိုင်ငံ အရှေ့ဖျား ဒေသမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျပြီး လိုက်ပါသွားသူ ၂၈ ဦးစလုံး သေဆုံးသွားကြောင်း သိရပါတယ်။

Antonov An-26 အမျိုးအစား ပန်ကာနှစ်လုံးတပ် လေယာဉ်ဟာ ပက်ထရိုပက်ဗ်လော့စ်ခ်-ကမ်ချတ်စကီး မြို့ကနေ ပါလာနားကို ဦးတည် ပျံသန်းရင်း ပျက်ကျသွားတာ ဖြစ်ပါတယ်။ လေယာဉ်ဟာ လမ်းခုလတ်မှာတင် လေကြောင်း ထိန်းသိမ်းရေး မျှော်စင်နဲ့ ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဝန်ကြီးဌာနက ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

လေယာဉ်ပေါ်မှာ အမှုထမ်း ၆ ဦးနဲ့ ခရီးသည် ၂၂ ဦး လိုက်ပါသွားကြောင်း ဝန်ကြီးဌာနက ကြေညာပါတယ်။ ပါလာနား မြို့တော်ဝန်က လေယာဉ် ပျက်ကျမှုမှာ အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ အတည်ပြုသွားခဲ့ပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ အခင်းဖြစ်ချိန် ရာသီဥတု အချိန်က တိမ်ထူပြီး မြင်ကွင်း သိပ်မရှင်းဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

Tass သတင်းဌာနက အဲဒီ လေယာဉ်ကို ဒေသတွင်း လေကြောင်းလိုင်း တစ်ခုက ၁၉၈၂ ခုနှစ် ကတည်းက သုံးစွဲနေခဲ့တာလို့ ဖော်ပြပါတယ်။ ရုရှားရဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍဟာ လုံခြုံမှု အပိုင်းမှာ တိုးတက်လာပေမယ့် ဆိုဗီယက်ခေတ် လက်ကျန် လေယာဉ် တချို့ကို ဆက်လက် သုံးစွဲနေရတဲ့အတွက် လေယာဉ် မတော်တဆမှုတွေ ရံဖန်ရံခါ ကြုံနေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။