Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား အရှေ့ဖျား ဒေသမှာ ခရီးသည်တင် လေယာဉ် ပျက်ကျပြီး ၂၈ ဦးသေဆုံး

လေယာဉ်ပေါ်မှာ အမှုထမ်း ၆ ဦးနဲ့ ခရီးသည် ၂၂ ဦး လိုက်ပါသွားကြောင်း ဝန်ကြီးဌာနက ကြေညာပါတယ်။ ပါလာနား မြို့တော်ဝန်က လေယာဉ် ပျက်ကျမှုမှာ အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ အတည်ပြုသွားခဲ့ပါတယ်။

ရုရှားနိုင်ငံ အရှေ့ဖျား ဒေသမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျပြီး လိုက်ပါသွားသူ ၂၈ ဦးစလုံး သေဆုံးသွားကြောင်း သိရပါတယ်။

Antonov An-26 အမျိုးအစား ပန်ကာနှစ်လုံးတပ် လေယာဉ်ဟာ ပက်ထရိုပက်ဗ်လော့စ်ခ်-ကမ်ချတ်စကီး မြို့ကနေ ပါလာနားကို ဦးတည် ပျံသန်းရင်း ပျက်ကျသွားတာ ဖြစ်ပါတယ်။ လေယာဉ်ဟာ လမ်းခုလတ်မှာတင် လေကြောင်း ထိန်းသိမ်းရေး မျှော်စင်နဲ့ ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဝန်ကြီးဌာနက ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

လေယာဉ်ပေါ်မှာ အမှုထမ်း ၆ ဦးနဲ့ ခရီးသည် ၂၂ ဦး လိုက်ပါသွားကြောင်း ဝန်ကြီးဌာနက ကြေညာပါတယ်။ ပါလာနား မြို့တော်ဝန်က လေယာဉ် ပျက်ကျမှုမှာ အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ အတည်ပြုသွားခဲ့ပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ အခင်းဖြစ်ချိန် ရာသီဥတု အချိန်က တိမ်ထူပြီး မြင်ကွင်း သိပ်မရှင်းဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

Tass သတင်းဌာနက အဲဒီ လေယာဉ်ကို ဒေသတွင်း လေကြောင်းလိုင်း တစ်ခုက ၁၉၈၂ ခုနှစ် ကတည်းက သုံးစွဲနေခဲ့တာလို့ ဖော်ပြပါတယ်။ ရုရှားရဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍဟာ လုံခြုံမှု အပိုင်းမှာ တိုးတက်လာပေမယ့် ဆိုဗီယက်ခေတ် လက်ကျန် လေယာဉ် တချို့ကို ဆက်လက် သုံးစွဲနေရတဲ့အတွက် လေယာဉ် မတော်တဆမှုတွေ ရံဖန်ရံခါ ကြုံနေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရတဲ့ ရုရှား ကုမ္ပဏီတွေဆီက ရေနံ ဝယ်ယူမှုတွေကို တရုတ် အစိုးရပိုင် ရေနံလုပ်ငန်းတွေက ရပ်ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လုပ်ရပ်တွေဟာ ရုရှားကို ရန်သူလို ဆက်ဆံတဲ့အဆင့် ဖြစ်လာနေပြီလို့ ရုရှား သမ္မတဟောင်း ဒီမစ်ထရီ မက်ဗီဒက်ဗ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှား နျူကလီးယား တပ်တွေရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် ကွပ်ကဲခဲ့တယ်လို့ ရုရှား အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးအတွက် ဖိအားပေးမှု တစ်ခုအဖြစ် ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ နှစ်ခုကို အမေရိကန်က အရေးယူ ပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။