Connect with us

Hi, what are you looking for?

News

ကော်သူးလေအုပ်ချုပ်ချုပ်နယ်မြေထဲမှာ တောထဲ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် သောင်းနဲ့ချီရှိနေ

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ လတ်တလောမှာ မိုးရွာသွန်းမှုနဲ့ ဆောင်းတွင်းအအေးဒဏ်ကြောင့် အခက်ကြုံတွေ့နေခဲ့ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ ကလေးအသုံးအဆောင်နဲ့ နို့မှုန့်တွေလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် KNU ကော်သူးလေအုပ်ချုပ်ချုပ်နယ်မြေထဲက ခရိုင်ငါးခုမှာ ဒေသခံပြည်သူ သောင်းနဲ့ချီ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားတယ်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး ဒီလိုစစ်ရေးလှုပ်ရှားဆောင်ရွက်မှုကြောင့် ပြည်သူလူထုပေါင်း ၇၀၀၀၀ ကျော်ဟာ တောတောင်တွေအတွင်းကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ လတ်တလောမှာ မိုးရွာသွန်းမှုနဲ့ ဆောင်းတွင်းအအေးဒဏ်ကြောင့် အခက်ကြုံတွေ့နေခဲ့ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ ကလေးအသုံးအဆောင်နဲ့ နို့မှုန့်တွေလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဆိုပါတယ်။

” လောလောဆယ် ဒီလတ်တလော ဖြစ်ပွားတဲ့ရာသီဥတုအခြေအနေပေါ်မှာ မူတည်ပြီးပြောရမယ်ဆိုရင်တော့ အမိုးအကာအလုံအလောက်ရှိရင်တော့ ပိုအဆင်ပြေတာပေါ့။ အမိုးအကာမလုံလောက်ရင် မိုးရေထဲမှာနေတဲ့အခါကျတော့ ဖျားနာမှုတွေဖြစ်ရင် ပိုပြီးတော့ဒုက္ခရောက်မှာပေါ့” လို့ KHRG က ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမှာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး လက်ရှိအချိန်ထိ နေရပ်ကိုမပြန်နိုင်သေးဘူးလို့လည်း သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအများဆုံးရှိတဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေနဲ့ သထုံခရိုင် တပ်မဟာ ၁ နယ်မြေတွေမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား လတ်တလောမှာ စစ်ရေးပဋိပက္ခပြင်းထန်နေပြီး စစ်ရေးအခြေအနေတွေ ဒီထက်ပိုပြီးတင်းမာလာနေတဲ့အပေါ်မှာ စစ်ရှောင်ဦးရေဟာ ပိုမိုများပြားလာမယ်လို့ စောနန္ဒဆူးက ဆိုပါသေးတယ်။

ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ လေးကေကော်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေဟာ သောင်းရင်မြစ်ကမ်းနံဘေးမှာ ယာယီနေထိုင်ခဲ့ရပြီး ဒေသတွင်းမတည်ငြိမ်သေးတာကြောင့် လက်ရှိမှာ နေရပ်ကိုပြန်လို့မရဲသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်ရဲ့ မြေပြင်ထိုးစစ်ဆင်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရသလို လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲမှာ တပ်စွဲနေရာယူထားသေးတဲ့အတွက် ဒေသခံရွာသားတွေဟာ ကျေးရွာကိုမပြန်လာရဲကြသေးဘူးလို့ သိရပါတယ်။

ဇန်နဝါရီလ တလတာအတွင်းမှာ စစ်ကောင်စီက ကေအဲန်ယူထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေအပေါ် လေယာဉ်ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ ၁၂ ဦးသေဆုံးခဲ့ရပြီး အယောက် ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။