Connect with us

Hi, what are you looking for?

News

မုံရွာတွင် အိမ်နှင့်ဆိုင်များ၌တပ်ထား​သောCCTV များလမ်းဘက်သို့ လှည့်မထားရန် ​​ပြောက်ကျားအဖွဲ့များ​မေတ္တာရပ်ခံ

မုံရွာမြို့ရှိ ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်၊ ဆိုင်ခန်း၊ တိုက်တာများတွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာများအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့နောက်ဆုံးထားကာ လမ်းဘက်သို့ လှည့်ထားပါက မိမိတို့နေအိမ်ဘက်သို့ ပြန်လှည့်ထားကြပါရန် မြို့ပြပြောက်ကျားအဖွဲ့များက ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်)တွင်မေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် နေအိမ်နှင့်ဆိုင်ခန်းများ၌ တပ်ဆင်ထားသော လုံခြုံရေးကင်မရာများ(CCTV)အား လမ်းဘက်သို့လှည့်မထားရန် မုံရွာအခြေစိုက် ပြောက်ကျားအဖွဲ့ငါးဖွဲ့က မေတ္တာရပ်ခံသည်။

မုံရွာမြို့ရှိ ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်၊ ဆိုင်ခန်း၊ တိုက်တာများတွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာများအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့နောက်ဆုံးထားကာ လမ်းဘက်သို့ လှည့်ထားပါက မိမိတို့နေအိမ်ဘက်သို့ ပြန်လှည့်ထားကြပါရန် မြို့ပြပြောက်ကျားအဖွဲ့များက ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်)တွင်မေတ္တာရပ်ခံသည်။

လူကြီးမင်းတို့၏ စီစီတီဗွီကင်မရာများသည် ရဲဘော်များလုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအနှောင့်အယှက်ဖြစ်ရသောကြောင့် မေတ္တာရပ်ခံရခြင်းဖြစ်ကြောင်း၊ ပြည်သူ့သားကောင်းများအား ချစ်ခင်ပါလျှင် ယခုမေတ္တာရပ်ခံချက်အား လိုက်နာပေးကြပါရန် ထပ်ဆင့်မေတ္တာရပ်ခံကြောင်း မြို့ပြပြောက်ကျားအဖွဲ့များက အသိပေးထားသည်။

ယခုကြေညာချက်ကို Monywa Nightking, Monywa Ninja, Gost Of Snake Monywa – GOS, Monywa The Boys, ACF Monywa တို့မှ ပူးပေါင်းမေတ္တာရပ်ခံထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီအားမြို့ပြပြောက်ကျားအဖွဲ့များက ခုခံတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။