Connect with us

Hi, what are you looking for?

သတင်း

မုံရွာ ကျောက္ကာရွှေဂူနီမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

(မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ရဲဘော်များအား တွေ့ရစဥ်။ ဓါတ်ပုံံ-မုံရွာခရိုင် အမှတ်(၃)တပ်ရင်း)

အောက်တိုဘာ ၂၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက် ၇ နာရီခန့်က မုံရွာမြို့နယ်၊ ကျောက္ကာရွာက ရွှေဂူနီဘုရားကြီး ဝန်းအတွင်း စခန်းချတပ်စွဲထားတဲ့ စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီးချတာ၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာအပြင် ၆၀ မမ နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

​တိုက်ခိုက်မှုကြောင့် စစ်တပ်က Jammer စက်ပျက်စီးသွားခဲ့သလို တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေလည်း ရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီနေရာမှာ အင်အားကတော့ ၅၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်”လို့ မုံရွာခရိုင် အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

​အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၃) တပ်ရင်းနဲ့အတူ မုံရွာမြို့နယ် ပကဖ ဒရုန်းတပ်စိတ်၊ သက်ဆိုင်ရာ တိုက်နယ်နဲ့ ရပ်ကျေး ပကဖအဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

မုံရွာမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က လူငယ်တွေကို နေ့စဥ်ပေါ်တာဆွဲဖမ်းဆီးနေပြီး ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ညမှာလည်း ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးကာ ပွဲတော်ပြန်လူငယ်တွေကို ပေါ်တာဆွဲဖို့ ကြိုးစားနေကြောင်း မြို့ခံအချို့က ပြောပါတယ်။

လက်ရှိ မုံရွာမြို့ပေါ်နဲ့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်က လမ်းတွေမှာ CCTV ကင်မရာတွေ တပ်ဆင်တာ၊ သဲအိတ်ဘန်ကာတွေ ဆောက်တာတွေနဲ့ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီကို အာဏာသိမ်း မြန်မာစစ်တပ်က ဒီဇယ်ဆီလို့ စာရင်းလိမ် ဖော်ပြပြီး တင်သွင်းဝယ်ယူခဲ့ပါတယ်။

သတင်း

ငပြီကျွန်း​ပေါ်တိုက်ပွဲ​တွေမှာစစ်တပ်က၁၀၀ ​ကျော်​သေဆုံးပြီး (၅၀)ထက်မနည်းလက်နက်ချ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ကံကုန်းကို ရောက် နေတဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ မနေ့ညပိုင်းက အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်အထိခိုက်အကျဆုံးများတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။