Connect with us

Hi, what are you looking for?

သတင်း

မုံရွာက စစ်တပ်အထိုင်စခန်းတွေကို PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၅၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

​အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီမှာ တပ်ရင်းထုတ် (၂)မိုင်ပစ် ရော့ကတ် ၁၀ လုံးနဲ့ စစ်တပ်တပ်စွဲထားတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်းနဲ့ ရဲတိုင်းရုံးတို့ကို ပစ်ခတ်ခဲ့ပြီး ပစ်မှတ် ၂ခုလုံးကို ထိထိရောက်ရောက် ထိမှန်ခဲ့ပြီး စစ်အုပ်စုဘက်က အထိအခိုက် အပျက်အစီး များပြားခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက အသိပေးပါတယ်။

“ထိခိုက်မှု ကောင်းကောင်းဖြစ်တယ်လို့တော့ မြေပြင်သတင်းပေးပို့ချက်အရသိရပါတယ်”လို့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​တိုက်ခိုက်မှုအတွင်း စစ်တပ်က ၆၀ မမ လက်နက်ကြီးတွေအပြင် အမှတ်(၅၀၈) အမြောက်တပ်ကနေလည်း ဟောင်ဝစ်ဇာ လက်နက်ကြီး ၅ လုံးနဲ့ ရမ်းသမ်းပြန်ပစ်ခဲ့ကြောင်း သိရပါတယ်။

“လက်နက်ကြီးတွေနဲ့ထုတာ။ မြေကြီးပါတုန်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရဲဘော်တွေ ဆုတ်ခွာလမ်းကြောင်းတွေကို ပါရာမော်တာနဲ့ ဗုံးသီး ၂ လုံး လာရောက်ကြဲချခဲ့ပေမဲ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ရဲဘော်တွေ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက အသိပေးပါတယ်။

​ပစ်ခတ်မှုအပြီးမှာတော့ စစ်တပ်ဘက်က မြေပြင်စစ်ကြောင်း ထိုးဖို့နဲ့ ယာဉ်တန်းတွေကို အဆင်သင့် ပြင်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သတင်းရရှိကြောင်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မုံရွာမြို့ပေါ်မှာ အိမ်စီးကားတွေနဲ့လှည့်ကာ လူငယ်တွေကို နေ့စဥ် ဆယ်ချီ ဖမ်းဆီးနေပြီး စစ်မှူထမ်းဆင့်ခေါ်စာတွေကိုလည်း ပေးပို့နေပါတယ်။

မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေလည်း မုံရွာ၊ ယင်းမာပင်နဲ့ ရွှေဘိုခရိုင်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။