Connect with us

Hi, what are you looking for?

News

မုံရွာ-ယာကြီး-က​လေးဝလမ်းပိုင်းကိုခရီးသွားပြည်သူများအသုံးမပြုရန် အမိ​မြေ​တော်လှန်​ရေးတပ်ဖွဲ့​မေတ္တာရပ်ခံ

လမ်းပိုင်းများ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာပေးသွားပါမည်ဟု အမိမြေ-တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းအားခရီးသွားပြည်သူများ လုံးဝအသုံးမပြုကြရန် အမိမြေတော်လှန်ရေးတပ်ဖွဲ့ကမေတ္တာရပ်ခံသည်။

ယင်းမာပင်မြို့နယ် အောင်ဇေယျကုန်းအနီးတွင် စစ်ရေးအနေအထားတင်းမာလျက်ရှိသောကြောင့် မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းအား ယခုကြေညာချက်ထုတ်ပြန်ချိန်မှ စ၍ခရီးသွားပြည်သူများ လုံးဝအသုံးမပြုကြရန် မေတ္တာရပ်ခံအပ်ကြောင်း ဒေသတွင်းPDFအဖွဲ့တစ်ခုဖြစ်သည့် အမိမြေ-တော်လှန်ရေးတပ်ဖွဲ့က ယနေ့ဖေဖော်ဝါရီလ ၂၅ ရက် မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းလက်ရှိအခြေအနေနှင့်ပတ်သက်၍ “ယာကြီး ကလေး ဘက်ကနေ မုံရွာက်ု သွားတဲ့ အောင်ဇေယျကုန်းမှာ လမ်းပိတ်ထားပါတယ်။ ခွေးတွေက အနောက်ကို ခြေကျင် စစ်ကြောင်း ထွက်လာပြီးတော့ ငါးမိုင်ဂိတ်နားမှာ ကင်းပုန်းဝတ်သွားပါတယ်။”ဟုအမိမြေ-တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

လမ်းပိုင်းများ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာပေးသွားပါမည်ဟု အမိမြေ-တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်အတွင်းရှိ ပုသိမ်- မုံရွာ ကားလမ်းတွင်လည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီကားများ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။