Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်က နှမစားရစ်ရွာတွင်မီးရှို့ဖျက်ဆီးရာအိမ်သာအတွင်းပုန်း​နေ​သော အဖွားအိုပါ​သေဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်သည် နှမစားရစ်ကျေးရွာအပြင် ငါးပိအိုး၊ ဂွေးပင်ကုန်း ကျေးရွာများကိုလည်း ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြောင်းဒေသခံများက ပြောသည်။

(အိမ်သာထဲတွင်ပုန်း​အောင်းရင်းသေဆုံးခဲ့သူအဘွားအို။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတ​ပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ အိမ်သာအတွင်းပုန်းအောင်းနေသူ အဘွားအိုတစ်ဦးပါ မီး​လောင်ကျမ်း​သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့(ဖေဖော်ဝါရီ ၂၅ ရက်နေ့)က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါအဘွားအိုအပြင် အခြားသေဆုံးသူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

“သေတဲ့အဘွားက ရွာအနောက်ပိုင်းကပါ။ အိမ်သာထဲမှာလွတ်မယ်ထင်ပြီး ဝင်ပုန်းရင်း လေပိတ်ပြီး သေဆုံးသွားတာပါ။ သေဆုံးသူတွေအများကြီး ကျန်ပါသေးတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။ သို့​သော်​သေဆုံးသူ အ​ရေအတွက်မည်မျှရှိသည်ကိုမူ People’s Spring ကယခြသတင်း​ေ၀းသားချိန်အထိ့အတည်မပြုနိုင်​သေးပါ။

အကြမ်းဖက်စစ်ကောင်စီတပ်သည် နှမစားရစ်ကျေးရွာအပြင် ငါးပိအိုး၊ ဂွေးပင်ကုန်း ကျေးရွာများကိုလည်း ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြောင်းဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။