Connect with us

Hi, what are you looking for?

News

(၁၈)နှစ်အောက်များကို တပ်သားစုဆောင်းခြင်းမပြုရန်နှင့် ကလေးသူငယ်များကို အကာအကွယ်ပေးရန် လမ်းညွှန်ချက် NUG ထုတ်ပြန်

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံစစ် လက်နက်ကိုင်တိုက်ပွဲများတွင် အသက် ၁၈ အောက် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် ကျင့်ဝတ်များ၊ စည်းမျဉ်းများ ထုတ်ပြန်ထားပြီးဖြစ်သည်ဟုဆိုသည်။

(ကရင်နီပြည်နယ်ရှိ စစ်​ဘေး​ရှောင် က​လေးသူငယ်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီပြည် စစ်​ဘေး​ရှောင်ကူညီ​စောင့်​ရှောက်​ရေးကွန်ရက်)

ပြည်သူ့တော်လှန်စစ်များဆင်နွှဲရာတွင် (၁၈)နှစ်အောက် ကလေးသူငယ်များအပေါ် သက် ရောက်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ လျှော့ချနိုင်ရန်နှင့် အကာအကွယ်များပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

(ကရင်နီပြည်နယ်ရှိ စစ်​ဘေး​ရှောင် က​လေးသူငယ်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – ကရင်နီပြည် စစ်​ဘေး​ရှောင်ကူညီ​စောင့်​ရှောက်​ရေးကွန်ရက်)

လက်နက်ကိုင်တိုက်ပွဲများအတွင်း ကလေးသူငယ်များအား အကာအကွယ်ပေးရန် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအတွက် လမ်းညွှန်ချက်ထုတ်ပြန်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများကိုသာ တပ်သားအဖြစ် လက်ခံစုဆောင်းရေးကို အထူးကြပ်မတ်ဆောင်ရွက်ကြရန် ကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားသည်။

အကြောင်းအမျိုးမျိုးကြောင့် (၁၈)နှစ်အောက် ကလေး သူငယ်များ မိမိတို့ တပ်စခန်းနေရာအသီးသီးတွင် ရောက်ရှိနေသည်ဆိုပါက နောက်ဆက်တွဲ ညွှန်ကြားချက်များပါ အစီအမံတိုင်း ဆောင်ရွက်ထားရှိကြရန်လည်း ဆက်လက် ညွှန်ကြားသည်။

(ကရင်နီပြည်နယ်ရှိ စစ်​ဘေး​ရှောင် က​လေးသူငယ်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – ကရင်နီပြည် စစ်​ဘေး​ရှောင်ကူညီ​စောင့်​ရှောက်​ရေးကွန်ရက်)

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံစစ် လက်နက်ကိုင်တိုက်ပွဲများတွင် အသက် ၁၈ အောက် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် ကျင့်ဝတ်များ၊ စည်းမျဉ်းများ ထုတ်ပြန်ထားပြီးဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်နက်ကိုင်ပဋိပက္ခများတွင် ဖြစ်လေ့ရှိသော အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအပေါ်ချိုးဖောက်သည့် ဆိုးရွားသောအကြမ်းဖက်ခြင်း ၆ ချက် (Six Grave Violations) ကို မကျူးလွန်စေရေး အလေး ထား၍ အထူးသတိပြုရန် လိုအပ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။