Connect with us

Hi, what are you looking for?

LuduNwayOo

News

(၁၈)နှစ်အောက်များကို တပ်သားစုဆောင်းခြင်းမပြုရန်နှင့် ကလေးသူငယ်များကို အကာအကွယ်ပေးရန် လမ်းညွှန်ချက် NUG ထုတ်ပြန်

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံစစ် လက်နက်ကိုင်တိုက်ပွဲများတွင် အသက် ၁၈ အောက် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် ကျင့်ဝတ်များ၊ စည်းမျဉ်းများ ထုတ်ပြန်ထားပြီးဖြစ်သည်ဟုဆိုသည်။

(ကရင်နီပြည်နယ်ရှိ စစ်​ဘေး​ရှောင် က​လေးသူငယ်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီပြည် စစ်​ဘေး​ရှောင်ကူညီ​စောင့်​ရှောက်​ရေးကွန်ရက်)

ပြည်သူ့တော်လှန်စစ်များဆင်နွှဲရာတွင် (၁၈)နှစ်အောက် ကလေးသူငယ်များအပေါ် သက် ရောက်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ လျှော့ချနိုင်ရန်နှင့် အကာအကွယ်များပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

(ကရင်နီပြည်နယ်ရှိ စစ်​ဘေး​ရှောင် က​လေးသူငယ်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – ကရင်နီပြည် စစ်​ဘေး​ရှောင်ကူညီ​စောင့်​ရှောက်​ရေးကွန်ရက်)

လက်နက်ကိုင်တိုက်ပွဲများအတွင်း ကလေးသူငယ်များအား အကာအကွယ်ပေးရန် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအတွက် လမ်းညွှန်ချက်ထုတ်ပြန်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများကိုသာ တပ်သားအဖြစ် လက်ခံစုဆောင်းရေးကို အထူးကြပ်မတ်ဆောင်ရွက်ကြရန် ကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားသည်။

အကြောင်းအမျိုးမျိုးကြောင့် (၁၈)နှစ်အောက် ကလေး သူငယ်များ မိမိတို့ တပ်စခန်းနေရာအသီးသီးတွင် ရောက်ရှိနေသည်ဆိုပါက နောက်ဆက်တွဲ ညွှန်ကြားချက်များပါ အစီအမံတိုင်း ဆောင်ရွက်ထားရှိကြရန်လည်း ဆက်လက် ညွှန်ကြားသည်။

(ကရင်နီပြည်နယ်ရှိ စစ်​ဘေး​ရှောင် က​လေးသူငယ်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – ကရင်နီပြည် စစ်​ဘေး​ရှောင်ကူညီ​စောင့်​ရှောက်​ရေးကွန်ရက်)

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံစစ် လက်နက်ကိုင်တိုက်ပွဲများတွင် အသက် ၁၈ အောက် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် ကျင့်ဝတ်များ၊ စည်းမျဉ်းများ ထုတ်ပြန်ထားပြီးဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်နက်ကိုင်ပဋိပက္ခများတွင် ဖြစ်လေ့ရှိသော အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအပေါ်ချိုးဖောက်သည့် ဆိုးရွားသောအကြမ်းဖက်ခြင်း ၆ ချက် (Six Grave Violations) ကို မကျူးလွန်စေရေး အလေး ထား၍ အထူးသတိပြုရန် လိုအပ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။