Connect with us

Hi, what are you looking for?

News

လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရေး တိုးချဲ့လုပ်ဆောင်ရမည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးပြော

ဆွစ်ဇာလန်၊ ဂျီနီဗာ၌ ကျင်းပနေဆဲ (၄၉)ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောကြားခြင်းဖြစ်ပြီး လူ့အခွင့် အရေးချိုးဖောက်မှုများကို ထိရောက်စွာ အရေးယူရမည်ဟု ဆိုသည်။

▪️မြန်မာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိရောက်စွာအရေးယူမည်ဟုဆို

မြန်မာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်သည့်နိုင်ငံများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုယန္တရားများကို တိုးချဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ပြောသည်။

ဆွစ်ဇာလန်၊ ဂျီနီဗာ၌ ကျင်းပနေဆဲ (၄၉)ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောကြားခြင်းဖြစ်ပြီး လူ့အခွင့် အရေးချိုးဖောက်မှုများကို ထိရောက်စွာ အရေးယူရမည်ဟု ဆိုသည်။

“လူ့အခွင့်အရေးမြှင့်တင်ရေးဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ပါဘူး။ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ထိရောက်စွာ အရေးယူရပါမယ်။ ဒါကြောင့် ဘီလာရုစ်၊ တောင်ဆူဒန်၊ ဆီးရီးယားနဲ့ မြန်မာ နိုင်ငံတို့အတွက် တာဝန်ယူမှု၊တာဝန်ခံမှု ယန္တရားတွေကို တိုးချဲ့ဖို့ လိုအပ်ပါတယ်” ဟု Annalena Baerbock က ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်း အဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က မြန်မာစစ်တပ်၏ ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများ အကြောင်း အစီရင်ခံစာကို တင်သွင်းထားသည်။

ယင်းအစီရင်ခံစာတွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုကို စစ်လက်နက်ထောက်ပံ့နေသည့်နိုင်ငံများကိုလည်း ဖော်ထုတ်ရေးသားထားပြီး အရပ်သားပြည်သူများကို သတ်ဖြတ်ရန် အသုံးပြုသော စစ်လက်နက် ပစ္စည်းများကို မြန်မာစစ်တပ်အား ဆက်လက်မရောင်းချရေး ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့တားမြစ်မှုလုပ်ဆောင်ရန်လည်း Tom Andrews က တိုက်တွန်းထားသည်။

လက်ရှိတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၆-၁၇ တွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်ရန် လွတ်လပ်သောစုံစမ်းစစ်ရေးယန္တရား(IIMM)ကို ဖွဲ့စည်းလုပ်ဆောင်နေပြီး အဆိုပါ IIMM က ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး မြန်မာစစ်တပ်၏ ကျူးလွန်မှုမှန်သမျှကို အချက်အလက်ပြုစု၊ အထောက်အထား ရယူလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ မထင်မှတ်ဆုံး ရလဒ်တစ်ခုအဖြစ် နာမည်ကြီး ဂျာမနီ အသင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်မှာပဲ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ဂျာမနီဟာ ပါရာဂွေးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားလို့ ပြိုင်ပွဲကနေ ထွက်ခွာသွားရတာပါ။