Connect with us

Hi, what are you looking for?

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ် ၊ဂျပန်၊ထ်ုင်ဝမ် စတဲ့ ပြ​ည်ပရောက် မြန်မာတွေရဲ့ ရှစ်လေးလုံး ထီးသပိတ်လှုပ်ရှားမှု

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရန်ကုန်လူထုသပိတ် ၊ CJ

သြဂုတ် ၈၊၂၀၂၆။သုည/People’s Spring

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ပါလီမန်ရှေ့မှာ မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈) နှစ်ပြည့် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။

ယင်းဆန္ဒပြပွဲကို ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနဲ့ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကိုနဲ့ ဗြိတိန်ရောက် တိုင်းရင်းသားကော်မတီမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၁၉၈၈ မှစကာ နွေဦးတော်လှန်ရေးထိအသက်ပေးသွားကြသော သူရဲကောင်းတွေကို အလေးပြုပြီး တိုင်းရင်းသားအားလုံး မျှော်မှန်းတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် SCEF ရဲ့ ဦးဆောင်မှုအောက်မှ အားလုံး ညီညွတ်စွာ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် ယူတီကာမြို့မှာလည်း မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြပါတယ်။

နယ်သာလန်နိုင်ငံ၊ အက်စတာဒန်မြို့၊ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့၊ ဂျာမနီနိုင်ငံ ဘာဘင်မြို့နဲ့ သြစတြေးလျနိုင်ငံ မဲဘုန်းလ်မြို့တို့မှာလည်း ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ တော်လှန်ပြည်သူတွေက (၈)ဂဏန်းပါ ထီးတွေနဲ့ ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်ကို ဖော်ဆောင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အထင်ကရနေရာတွေမှာလည်း ပြည်ပရောက် ​မြန်မာတိုင်းရင်းသားတွေက ရှစ်လေးလုံး အရေးတော်ပုံ (၃၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အနီရောင်ထီးတွေနဲ့ ၈ သင်္ကေတကို ဖော်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်ဝမ်နိုင်ငံ၊ နယူးထိုင်ပေမြို့မှာလည်း Taiwan Alliance for Myanmar အဖွဲ့မှ ဦးဆောင်ပြီး ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၈)နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

Facebook