Connect with us

Hi, what are you looking for?

News

မတ္တရာရှိ စစ်ဆေးရေးဂိတ်တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရ

မတ္တရာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကလည်း အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

မန္တ​လေးတိုင်း မတ္တရာမြို့ မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်နေရာကို ဒေသတွင်း တော်လှန် ရေးတပ်ဖွဲ့က ယနေ့နံနက်တွင် မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မတ္တရာမြို့မြောက်ဘက် စိုးမိုး-၂ ဆိုတဲ့နေရာမှာ တစ်လုံးကွဲတယ် အဝေးထိန်းမိုင်းနဲ့ ခွဲတာ။ အဲဒီဟာကို ပူးပေါင်းလုပ်ဆောင်တာက မန္တလေးတိုင်းအခြေစိုက် PACF အဖွဲ့နဲ့ မတ္တရာကောင်းကင်ဆိုတဲ့ အဖွဲ့ ပူးပေါင်းဆောင်ရွက်တာ။ ဆောင်ရွက်ရတဲ့ အကြောင်းအရင်းက မတ္တရာ အရှေ့ပိုင်းနယ်ကို ကျေးရွာတွေကို ဝင်ရောက်ပြီးတော့ မီးရှို့ဖျက်ဆီးတာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတိပေးတဲ့အနေနဲ့ ခွဲတာ”ဟု ဒေသခံက ပြောသည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်မှုရှိ၊မရှိ မသိရပေ။

မတ္တရာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကလည်း အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက် ခံဖြစ်သော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို အဓိက ပစ်မှတ်ထား၍ ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း မတ္တရာ(ပကဖ)က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။