သတင်း အင်းတော်ကြီးမှာ SNAတပ် စစ်ဆေးရေးဂိတ် ဗုံးကွဲပြီး ၅ဦး သေဆုံး ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 15, 2026
သတင်း ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာထိုင်းကုန်စည်တွေဖမ်းဆီးမှုတင်းကျပ် ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 14, 2026
သတင်း ပြည်သူ့စစ်ခေါင်းဆောင်ချွေးမ ဆေးကြောင်ပြီး ညီနောင်သုံးဖော်ဂိတ်မှာ တားဆီးတာကိုမောင်းပြေးလို့ ပစ်ခတ်ရာ သေဆုံးဟုဆို ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။ ludunwayooဩဂုတ် 31, 2026
သတင်း လက်ပံတန်းက စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်နေ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ludunwayooဩဂုတ် 23, 2026
သတင်း ရန်ကုန်အဝင်စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေးပိုများလာ ခရီးသွားပြည်သူတွေကိုဓာတ်ပုံမှတ်တမ်းယူတာတွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံရေးတင်းကြပ် ludunwayooဇူလိုင် 18, 2026
သတင်း မင်းဘူး(စကု)၊ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်ကိုတော်လှန်ရေးတပ်တွေစီးနင်း စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ludunwayooဇူလိုင် 3, 2026
သတင်း ခေတ္တပိတ်ထားရတဲ့ ကံတလူမြို့စစ်ဆေးရေးဂိတ် ပြန်ဖွင့်နေလို့ တော်လှန်ရေးရဲဘော်တွေ ထပ်မံတိုက်ခိုက် တိုက်ခိုက်ခံရပြီးနောက်ခေတ္တပိတ်ထားရတဲ့ ကံတလူဂိတ် ပြန်ဖွင့်နေလို့ လင်းယုန်ညီနောင်အဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ ludunwayooမတ် 1, 2026
သတင်း တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တော်လှန်ရေးတပ်တွေ တပြိုင်နက်စီးနင်းတိုက်ခိုက်၊ ဘန်ကာ ၁၁ခုအထိ သိမ်းစည်း မန္တလေးတိုင်း၊ တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 6, 2025
သတင်း မြင်းခြံမြို့စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုစစ်အုပ်စုထိခိုက်မှုရှိဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ပြော မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ခမရ(၁၅)တပ်ရင်းအနီး လယ်သစ်ကျေးရွာကစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025
သတင်း စစ်ကောင်စီ စစ်ဆေးဂိတ်ကို ဖြတ်ဖို့ စောင့်ဆိုင်းနေတဲ့ ဆီဘောက်ဆာ ၄စီး မီးလောင် ရှမ်းပြည်နယ်မြောက်ပိုင်းကို ပို့မယ့် ဆီဘောက်ဆာကား ၄ စီးဟာ စစ်ကောင်စီရဲ့စစ်ဆေးဂိတ်ကို ဖြတ်ဖို့ စောင့်ဆိုင်းနေစဉ် အမရပူရမြို့နယ်၊ တော်လှကျေးရွာမှာ အပူလွန်ကဲပြီး မီးလောင်သွားပါတယ်။ ludunwayooအောက်တိုဘာ 31, 2025