Connect with us

Hi, what are you looking for?

News

စစ်ရှောင် မိခင်နဲ့ ကိုယ်ဝန်ဆောင်တွေဟာ အခက်ခဲများစွာရင်ဆိုင်နေကြရတယ်

ဒီကနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့တာပါ။

စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေထဲ မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေဟာ ကလေးမီးဖွားဖို့နဲ့ ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်ဖို့ အခက်အခဲများစွာရင်ဆိုင်နေကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့တာပါ။

လက်နက်ကိုင်ပဋိပက္ခပြင်းထန်နေတဲ့ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ရတဲ့နေရာတွေမှာ အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှု၊ အစားအစာမဖူလုံမှု၊ သန့်ရှင်းရေးညံ့ဖျင်းမှု၊ ကိုဗစ်ရောဂါကူးစက်မှုနဲ့ အခြားရာသီအလိုက်ဖျားနာမှုတွေ၊ ဆိုးရွားတဲ့ရာသီဥတုနဲ့ ကြိုတင်ခန့်မှန်းလို့မရတဲ့ အခြားသောခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေကြရတယ်လို့ KHRG က ဆိုထားပါတယ်။

ဒါကြောင့် အခုလိုအရေးကြီးတဲ့အခြေအနေမျိုးမှာ လူ့အခွင့်အရေးကိုကာကွယ်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့အခွင့်အရေးကို ကာကွယ်ဖို့အလွန်အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ KHRG က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့တာပါ။

မြန်မာပြည်အတွင်းက အမျိုးသမီးတွေဟာ သူတို့ရဲ့သားသမီးတွေအတွက် လူ့အခွင့်အရေးနဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်ရရှိဖို့အတွက် တက်ကြွစွာ သတ္တိရှိရှိတိုက်ပွဲဝင်နေကြပေမယ့် အသိအမှတ်ပြုခံရမှု နည်းပါးနေသေးပြီး လက်နက်ကိုင်ပဋိပက္ခတွေ ပြန်လည်ဖြစ်ပေါ်လာတာနဲ့အမျှ အမျိုးသမီးတွေဟာ သူတို့ရဲ့လူမှုအသိုက်အဝန်းအတွင်း အန္တရာယ်ရှိတဲ့တာဝန်တွေကို ပြန်လည်ထမ်းဆောင်ကြရတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေရဲ့ အသံနဲ့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုကို အခုလိုအရေးကြီးတဲ့အချိန်ကာလသာမက နောင်အနာဂတ်တွေမှာလည်း အသိအမှတ်ပြုဖို့နဲမြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က တိုက်တွန်းအသိပေးလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။