Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ရှောင် မိခင်နဲ့ ကိုယ်ဝန်ဆောင်တွေဟာ အခက်ခဲများစွာရင်ဆိုင်နေကြရတယ်

ဒီကနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့တာပါ။

စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေထဲ မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေဟာ ကလေးမီးဖွားဖို့နဲ့ ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်ဖို့ အခက်အခဲများစွာရင်ဆိုင်နေကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့တာပါ။

လက်နက်ကိုင်ပဋိပက္ခပြင်းထန်နေတဲ့ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ရတဲ့နေရာတွေမှာ အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှု၊ အစားအစာမဖူလုံမှု၊ သန့်ရှင်းရေးညံ့ဖျင်းမှု၊ ကိုဗစ်ရောဂါကူးစက်မှုနဲ့ အခြားရာသီအလိုက်ဖျားနာမှုတွေ၊ ဆိုးရွားတဲ့ရာသီဥတုနဲ့ ကြိုတင်ခန့်မှန်းလို့မရတဲ့ အခြားသောခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေကြရတယ်လို့ KHRG က ဆိုထားပါတယ်။

ဒါကြောင့် အခုလိုအရေးကြီးတဲ့အခြေအနေမျိုးမှာ လူ့အခွင့်အရေးကိုကာကွယ်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့အခွင့်အရေးကို ကာကွယ်ဖို့အလွန်အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ KHRG က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့တာပါ။

မြန်မာပြည်အတွင်းက အမျိုးသမီးတွေဟာ သူတို့ရဲ့သားသမီးတွေအတွက် လူ့အခွင့်အရေးနဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်ရရှိဖို့အတွက် တက်ကြွစွာ သတ္တိရှိရှိတိုက်ပွဲဝင်နေကြပေမယ့် အသိအမှတ်ပြုခံရမှု နည်းပါးနေသေးပြီး လက်နက်ကိုင်ပဋိပက္ခတွေ ပြန်လည်ဖြစ်ပေါ်လာတာနဲ့အမျှ အမျိုးသမီးတွေဟာ သူတို့ရဲ့လူမှုအသိုက်အဝန်းအတွင်း အန္တရာယ်ရှိတဲ့တာဝန်တွေကို ပြန်လည်ထမ်းဆောင်ကြရတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေရဲ့ အသံနဲ့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုကို အခုလိုအရေးကြီးတဲ့အချိန်ကာလသာမက နောင်အနာဂတ်တွေမှာလည်း အသိအမှတ်ပြုဖို့နဲမြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က တိုက်တွန်းအသိပေးလိုက်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။