Connect with us

Hi, what are you looking for?

ဆောင်းပါး

သားတွေအတွက် စစ်မှုထမ်းမဲနှိုက်ပေးရတဲ့ မိခင်တွေရဲ့သောက

မန္တလေးမြို့က ရပ်ကွက်ဓမ္မာရုံတစ်ခုမှာ လူလတ်ပိုင်းအမျိုးသမီးတွေနဲ့လူကြီးပိုင်း အမျိုးသမီးကြီးတွေ စုဝေးကာ ထိုင်နေကြတယ်။ သူတို့ဘေးနားမှာတော့ အရွယ်ကောင်း သားယောကျာ်းလေးတချို့ ကပ်ထိုင်နေတယ်။ စစ်မှုထမ်းမဲနှိုက်ဖို့အတွက် သားအမိတွေ ရောက်လာကြတာပါ။ သားတွေကော မိခင်တွေပါ မျက်နှာတွေ မကောင်းလှဘူး။

(အာဏာသိမ်းစစ်တပ်အတွက် စစ်မှုထမ်းရ၊မထမ်းရ မဲနှိုက်​​နေကြစဥ် ​သောကများ​နေကြတဲ့ မိခင်​တွေ။ ဓါတ်ပုံ-​ဒေသခံတစ်​တော့ screengrab)

ဇေအောင်/People’s Spring

မန္တလေးမြို့က ရပ်ကွက်ဓမ္မာရုံတစ်ခုမှာ လူလတ်ပိုင်းအမျိုးသမီးတွေနဲ့လူကြီးပိုင်း အမျိုးသမီးကြီးတွေ စုဝေးကာ ထိုင်နေကြတယ်။ သူတို့ဘေးနားမှာတော့ အရွယ်ကောင်း သားယောကျာ်းလေးတချို့ ကပ်ထိုင်နေတယ်။ စစ်မှုထမ်းမဲနှိုက်ဖို့အတွက် သားအမိတွေ ရောက်လာကြတာပါ။ သားတွေကော မိခင်တွေပါ မျက်နှာတွေ မကောင်းလှဘူး။

အသက် ငါးဆယ်ကျော်အရွယ် မိခင်တစ်ယောက်ဆိုရင် စကားတောင်မပြောနိုင်ဘူး။ သူ့သားကလေး နံပါတ်စဥ် စောစောမပေါက်ရအောင် ရသမျှ ဘုရားစာတွေ တတွတ်တွတ် ရွတ်ဆိုနေခဲ့တယ်။နာမည်ခေါ်လိုက် အမှတ်စဥ် အော်လိုက် အသံကြားထဲမှာ မိခင်တွေဟာ ရင်တွေ ဗလောင်ဆူနေခဲ့ပါတယ်။

မန္တလေးမြို့မှာ သားတွေ စစ်မှုထမ်းဖို့ မိခင်တွေကိုယ်တိုင် မဲနှိုက်ပေးနေရပြီး မိခင်တွေ စိတ်သောကရောက်နေရကြောင်း ဒေသခံတွေက ပြော​ပါတယ်။

Public Service Announcement

Public Service Announcement

“နံပါတ်စဥ် စောကျတဲ့သူတွေဆို မအေတွေ ငိုယိုနေကြတာ”လို့ မဲနှိုက်ခဲ့တဲ့ရပ်ကွက်တစ်ခုက မိခင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ရောဂါအခံရှိတဲ့ မိခင်တွေဆိုရင် သွေးတိုးတာ၊ မူးလဲကျတာတွေပါ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လမှာ မန္တလေးမြို့က ချမ်းမြသာစည် နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းဖို့ မဲနှိုက်နေရပြီး မိခင်တွေကိုယ်တိုင် မဲနှိုက်ပေးနေရတဲ့အတွက် စိတ်သောကတွေ ရောက်နေရတာပါ။ လာ​ရောက်မဲနှိုက်ခြင်းမရှိတဲ့ မိဘတွေကိုတော့ ၎င်းတို့ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မဲနှိုက်သွားမယ်လို့ ကြေညာ ခြိမ်း​ခြောက်ပါတယ်။ မိခင်တွေလည်း သွားလည်းနားမထောင်ရဲသလို မသွားရင်လည်း ဖြစ်ချင်သလိုဖြစ်သွားမှာ စိုးရိမ်ကြတာကြောင့်အရဲစွန့်သွားခဲ့ကြရတယ်လို့ မိခင်တွေက ပြောပါတယ်။

မဲနှိုက်တဲ့အခါ ပြည်တွင်းမှာရှိတဲ့သား​တွေအပြင် ပြည်ပ​ရောက်​နေတဲ့ သား​တွေအတွက်ပါစစ်တပ်က ဖိအား​ပေး မဲနှိုက်ခိုင်း​နေတာပါ။

အာဏာသိမ်းစစ်တပ်ဟာ ရပ်ကွက်တွေထဲ စစ်မှုထမ်း မဲနှိုက်တာအပြင် ပေါ်တာဆွဲတာကိုလည်း မရပ်ပါဘူး။ မန္တလေးမြို့ပေါ်မှာနေ့ရောညပါ စစ်မှုထမ်း (စမထ) ဆွဲဖမ်းဆီးမှုများပြားနေပြီးအရင်လိုငွေပေးရွေးရန်မလွယ်ကူတော့ဘူးလို့စုံစမ်းသိရပါတယ်။အိမ်စီကားတွေနဲ့ ပြန်ပေးဆွဲသလို ဖမ်းဆီးနေကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးတိုင်းထဲက ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေမှာလည်း ပေါ်တာဆွဲမှုတွေ ဆက်တိုက်ပြုလုပ်နေ​တာပါ။

အာဏာသိမ်းစစ်တပ်က စစ်မှုမထမ်းမ​နေရ ဥပ​ဒေကို၂၀၂၄ ​ဖေ​ဖော်ဝါရီလမှာ ပြဌာန်းပြီးလူငယ်​တွေကို ဖိအား​ပေးစစ်မှုထမ်းခိုင်း​နေတာဖြစ်ပါတယ် ။ဒါ့အပြင် လိုအပ်တဲ့အ​ရေအတွက်ရဖို့ ​နည်းမျိုးစုံနဲ့ပေါ်တာလည်းဆွဲ​ပါတယ် ။

စစ်မှုထမ်းစစ်သားသစ် ​တွေရဲ့အင်အား၊တရုတ်၊ရုရှား စတဲ့နိုင်ငံ​တွေက လက်နက်နဲ့နည်းပညာအကူအညီ​တွေနဲ့ ဆုံးရှုံးနယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ပြန်သိမ်းဖို့ကြိုးစား​​နေတာဖြစ်ပါတယ် ။ မြို့​ပေါင်း ၂၀ခန့်ပြန်ထိန်းချုပ်နိုင်​ပေမယ့် ရှမ်းပြည်နယ်​မြောက်ပိုင်းမှအပ နိုင်ငံတစ်ဝန်းခုခံမှု​ကောင်းတဲ​​ဒေသ​​တွေမှ ​တော်လှန်​ရေးအဖွဲ့​တွေက ခုခံစစ်၊တန်ပြန်ထိုးစစ်ဆင်နွှဲတာ​ကြောင့် စစ်တပ်ဟာ တိုက်ပွဲကာလရှည်ကြာလာတာနဲ့အမျှစစ်သား​တွေ​သေဆုံးတာ ၊ဒဏ်ရာရတာ၊ထွက်​ပြေးတာ ၊ ​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်တာလည်းများ​နေပါတယ်။

ဒါ့​ကြောင့် စစ်တပ် က ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး စစ်သားသစ်စု​ဆောင်းတာ၊​ပေါ်တာဆွဲတာကို ရန်ကုန်လို ၊မိတ္ထီလာလိုမြို့​ စတဲ့မြို့တွေမှာပါ ​ပေါ်တာဆွဲတာကို အတင့်ရဲစွာလုပ်လာပါတယ်။ ရခိုင်ပြည်နယ် ၊ချင်းပြည်နယ် ၊ စစ်ကိုင်း-ကချင်ပြည်နယ်အစပ် ၊မ​ကွေးတိုင်း ၊ကရင်ပြည်နယ် ၊ ရခိုင်နဲ့ဆက်စပ်​နေတဲ့ ဧရာဝတီ-ပဲခူး-မ​ကွေး ​ စတဲ့​​​ဒေသကတိုက်ပွဲ​တွေမှာ စစ်သားသစ်​တွေကိုအဓိကသုံးပြီးတိုက်တာမှာ အခုလပိုင်းအတွင်းတိုက်ပွဲ​တွေမှာ စစ်သားသစ်​တွေ​သေဆုံး ဒဏ်ရာရတာ ထွက်​ပြေးတာ​​တွေအလွန်များ​နေတယ်လို့ ​တော်လှန်​ရေးအင်အားစု​တွေက​ပြောပါတယ်။ဒါ​ကြောင့်စစ်တပ်က ပြည်သူ့စစ်လို့​ခေါ်တဲ့ စစ်သားသစ်လိုအပ်ချက်ပိုများလာတာ​​ကြောင့် စစ်သားသစ်စု​ဆောင်းတာ ၊​ပေါ်တာဆွဲတာ​တွေကိုတိုးလုပ်လာပါတယ်။

ဒီအ​ခြေအ​နေမှာ ပြည်သူ​တွေအ​နေနဲ့ လူငယ်​တွေကို စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင်ပါးနပ်စွာ​နေကြဖို့တော်လှန်​ရေးအင်အားစု​တွေက နှိုး​ဆော်​​​​နေကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့သတင်းတွေထွက်နေပြီး ယခု စက်တင်ဘာလမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အရင်အကြိမ်​တွေထက် ဖိအား​ပေး လုပ်နေတာဖြစ်ကြောင်း စုံစမ်းသိရပါတယ်။

ဒါ​ကြောင့်မန္တ​လေးမြို့ ၊ရန်ကုန်မြို့ အပါအဝင် မြို့ကြီး​တွေမှာဧည့်စာရင်းစစ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလည်း အဖြစ်များနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ညဆို ကိုယ်ငှားနေတဲ့ရပ်ကွက် မအိ​ပ်ရဲလို့ နည်းနည်းစိတ်ချရတဲ့ရပ်ကွက် ပြောင်းအိပ်နေရတယ်”လို့ မန္တလေး အောင်မြေသာစံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။

သတင်း

မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်​နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ အသက် ၄၀ ကျော်အရွယ် စစ်ရှောင်အမျိုးသား ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံတွေက ပြော​ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေ လုယက်မှုကျူးလွန်သူတွေဟာ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဖြစ်နေကြောင်းမြို့ခံတွေကပြောပါတယ်။

Facebook