Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကို ဆွေးနွေး ညှိနှိုင်းမှု နည်းလမ်းနဲ့ ရပ်တန့်စေဖို့ ထောက်ခံနေဆဲလို့ တရုတ်သမ္မတပြော

သမ္မတရှီက ရုရှားရော၊ ယူကရိန်းပါ အတတ်နိုင်ဆုံး ချုပ်ထိန်းပြီး ပြဿနာတွေ ပိုဆိုးမလာအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လက်တွေ့မှာတော့ နှစ်နိုင်ငံ တပ်တွေဟာ အကြိတ်အနယ် တိုက်ခိုက်နေကြသလို ယူကရိန်းကို စွန့်ခွာ ထွက်ပြေးတဲ့ ဒုက္ခသည် ဦးရေကလည်း ၂ သန်း ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သံတမန်ရေး နည်းလမ်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ယူကရိန်း စစ်ပွဲကို ချုပ်ငြိမ်း ရပ်တန့်စေဖို့ ဆက်လက် ထောက်ခံနေဆဲဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်လာချိန် ကတည်းက တရုတ်ဟာ ဒီပြဿနာကို မျက်နှာစုံညီ တွေ့ဆုံဆွေးနွေး ဖြေရှင်းသင့်ကြောင်း တွင်တွင် ပြောနေခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားကို ကန့်ကွက် ရှုတ်ချရေး အဆိုတင်သွင်းချိန်မှာလည်း တရုတ်က မထောက်ခံဘဲ ကြားနေခဲ့ပါတယ်။

သမ္မတရှီက ရုရှားရော၊ ယူကရိန်းပါ အတတ်နိုင်ဆုံး ချုပ်ထိန်းပြီး ပြဿနာတွေ ပိုဆိုးမလာအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လက်တွေ့မှာတော့ နှစ်နိုင်ငံ တပ်တွေဟာ အကြိတ်အနယ် တိုက်ခိုက်နေကြသလို ယူကရိန်းကို စွန့်ခွာ ထွက်ပြေးတဲ့ ဒုက္ခသည် ဦးရေကလည်း ၂ သန်း ကျော်လွန်လာပြီ ဖြစ်ပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်၊ ဂျာမန် အဓိပတိ အိုလက်ဖ် ရှော့ဇ်တို့နဲ့ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးချိန်မှာ ရှီက ရုရှား-ယူကရိန်း အပစ်အခတ် ရပ်စဲရေးအတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ လက်တွဲ ကူညီပေးသင့်တယ်လို့ အကြံပြုသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အရှေ့ဥရောပရဲ့ အခြေအနေက စိုးရိမ်စရာ အရမ်းကောင်းနေပြီး ရုရှားအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေကလည်း ကမ္ဘာ့ စီးပွားရေးနဲ့ စွမ်းအင် တင်ပို့မှု ကဏ္ဍတွေကို ဆိုးကျိုး သက်ရောက်သွားစေနိုင်ကြောင်း ရှီက ပြောပါတယ်။

တစ်ဖက်မှာတော့ တရုတ်ဟာ ရုရှား-ယူကရိန်း စစ်ပွဲကို အတုယူပြီး ထိုင်ဝမ်ကို စစ်အင်အားသုံး ကျူးကျော် သိမ်းပိုက်တာမျိုး ဖြစ်လာမှာကို အမေရိကန် အစိုးရက စိုးရိမ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။