Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စစ်ပွဲကို ဆွေးနွေး ညှိနှိုင်းမှု နည်းလမ်းနဲ့ ရပ်တန့်စေဖို့ ထောက်ခံနေဆဲလို့ တရုတ်သမ္မတပြော

သမ္မတရှီက ရုရှားရော၊ ယူကရိန်းပါ အတတ်နိုင်ဆုံး ချုပ်ထိန်းပြီး ပြဿနာတွေ ပိုဆိုးမလာအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လက်တွေ့မှာတော့ နှစ်နိုင်ငံ တပ်တွေဟာ အကြိတ်အနယ် တိုက်ခိုက်နေကြသလို ယူကရိန်းကို စွန့်ခွာ ထွက်ပြေးတဲ့ ဒုက္ခသည် ဦးရေကလည်း ၂ သန်း ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သံတမန်ရေး နည်းလမ်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ယူကရိန်း စစ်ပွဲကို ချုပ်ငြိမ်း ရပ်တန့်စေဖို့ ဆက်လက် ထောက်ခံနေဆဲဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်လာချိန် ကတည်းက တရုတ်ဟာ ဒီပြဿနာကို မျက်နှာစုံညီ တွေ့ဆုံဆွေးနွေး ဖြေရှင်းသင့်ကြောင်း တွင်တွင် ပြောနေခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားကို ကန့်ကွက် ရှုတ်ချရေး အဆိုတင်သွင်းချိန်မှာလည်း တရုတ်က မထောက်ခံဘဲ ကြားနေခဲ့ပါတယ်။

သမ္မတရှီက ရုရှားရော၊ ယူကရိန်းပါ အတတ်နိုင်ဆုံး ချုပ်ထိန်းပြီး ပြဿနာတွေ ပိုဆိုးမလာအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လက်တွေ့မှာတော့ နှစ်နိုင်ငံ တပ်တွေဟာ အကြိတ်အနယ် တိုက်ခိုက်နေကြသလို ယူကရိန်းကို စွန့်ခွာ ထွက်ပြေးတဲ့ ဒုက္ခသည် ဦးရေကလည်း ၂ သန်း ကျော်လွန်လာပြီ ဖြစ်ပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်၊ ဂျာမန် အဓိပတိ အိုလက်ဖ် ရှော့ဇ်တို့နဲ့ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးချိန်မှာ ရှီက ရုရှား-ယူကရိန်း အပစ်အခတ် ရပ်စဲရေးအတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ လက်တွဲ ကူညီပေးသင့်တယ်လို့ အကြံပြုသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အရှေ့ဥရောပရဲ့ အခြေအနေက စိုးရိမ်စရာ အရမ်းကောင်းနေပြီး ရုရှားအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေကလည်း ကမ္ဘာ့ စီးပွားရေးနဲ့ စွမ်းအင် တင်ပို့မှု ကဏ္ဍတွေကို ဆိုးကျိုး သက်ရောက်သွားစေနိုင်ကြောင်း ရှီက ပြောပါတယ်။

တစ်ဖက်မှာတော့ တရုတ်ဟာ ရုရှား-ယူကရိန်း စစ်ပွဲကို အတုယူပြီး ထိုင်ဝမ်ကို စစ်အင်အားသုံး ကျူးကျော် သိမ်းပိုက်တာမျိုး ဖြစ်လာမှာကို အမေရိကန် အစိုးရက စိုးရိမ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။