Connect with us

Hi, what are you looking for?

News

မြန်မာ့ကိုဗစ်အရေး ဥရောပသမဂ္ဂအရှိန်မြှင့်လုပ်ဆောင်မယ်လို့ ထုတ်ပြန်

ဥရောပသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုနဲ့ အထူးဥရောပအဖွဲ့ကလည်း အကျိုးအရှိဆုံးနည်းလမ်းကနေ ကူညီနိုင်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အတူတကွလုပ် ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါဖြေရှင်းတုန့်ပြန်ဖို့နဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ဖို့ ဥရောပသမဂ္ဂရဲ့ ကြိုးပမ်းမှု အရှိန်မြှင့်တင်မယ်လို့ ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

“ကျွန်ုပ်တို့ရဲ့ ကြိုးပမ်းမှုတွေကို နှစ်ဆအရှိန်မြှင့်တင်ပြီး Global Fund ၊ COVAX တို့ကို အီးယူထောက်ပံ့မှုရရှိနေတဲ့ နိုင်ငံတကာပါဝင်လုပ်ဆောင်သူတွေနဲ့ ပူးပေါင်းသွားပါမယ်။ နောက်ပြီး ကုသမှု၊ အောက်စီဂျင်၊ စမ်းသပ်စစ်ဆေးခြင်းနဲ့ ကာကွယ်ဆေးထိုးနှံခြင်းတွေ အရှိန်မြှင့်လုပ်ဆောင်သွားပါမယ်”လို့ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုနဲ့ အထူးဥရောပအဖွဲ့ကလည်း အကျိုးအရှိဆုံးနည်းလမ်းကနေ ကူညီနိုင်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အတူတကွလုပ် ဆောင်သွားမယ်လို့ ဆိုပါတယ်။

“နောက်ထပ်(အစီအစဥ်)တွေလည်း ထပ်လာဖို့ရှိပါတယ်” လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ကပ်ရောဂါကြောင့် ချစ်မြတ်နိုးသူတွေဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူအားလုံးနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။

ကိုဗစ်-၁၉ ဟာ မြန်မာနိုင်ငံ တစ်ခါမှမတွေ့ကြုံဖူးတဲ့ ပုံစံမျိုးနဲ့ ထင်ထင်ရှားရှားရောက်ရှိလာတဲ့ အများပြည်သူဆိုင်ရာ ကျန်းမာရေး ကပ်ဘေးဖြစ်ပါတယ်။

အီးယူကိုယ်စားလှယ်ရုံးက ပြည်တွင်းဝန်ထမ်းတစ်ယောက် ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ခဲ့သူ ဝန်ထမ်းရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံတဝန်းပိုမိုဆိုးရွားလာတဲ့စားနပ်ရိက္ခာအကျပ်အတည်းကိုရင်ဆိုင်ရာမှာအထောက်အကူဖြစ်ဖို့အတွက်ဥရောပသမဂ္ဂ(EU)ကယူရိုငွေ ၈ သန်းကိုထောက်ပံ့ကူညီလာတယ်လို့ ကုလသမဂ္ဂရဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP) ဒီနေ့ ( မေလ ၁၈ )မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။