Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဥရောပသမဂ္ဂ ထပ်မံတောင်းဆို

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တို့ တွေ့ဆုံနိုင်မှုဟာ နိုင်ငံတကာအသိုက်အဝန်းက တွေ့ဆုံခွင့်ရရှိရေးကို အပြင်းအထန် တောင်းဆိုနေတဲ့ အခြေအနေမှာ ရှားပါးပြီး ကာလကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော တိုက်ရိုက်ဆက်သွယ်ခွင့်ရရှိခဲ့တဲ့ အခွင့်အရေးဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

“ ရှေ့သို့တစ်လှမ်း တိုးတက်မှုဖြစ်သော်လည်း သူမ၏ မိသားစုဝင်များနှင့် ဥပဒေအကြံပေးရှေ့နေများကို တွေ့ဆုံခွင့်အပါအဝင် ဆက်လက် တွေ့ဆုံခွင့်ရရှိရေးမှာ အလွန်အရေးကြီးနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အပြည့်အဝ ပြန်လွှတ်ပေးရန် ကျွန်ုပ်တို့၏ တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုပါသည်” လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပသမဂ္ဂ နည်းတူ ဗြိတိန်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုဟာ သူမ အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်တဲ့ သက်သေအထောက်အထား ဖြစ်ပေမဲ့ အဲဒီလုပ်ရပ်တခုတည်းနဲ့ မလုံလောက်ကြောင်း ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူ အားလုံး ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစကတည်းက မတရားဖမ်းဆီးခဲ့တာ ဖြစ်ပြီး လူထုမြင်ကွင်းကနေ ကာလရှည်ကြာစွာ ဖျောက်ဖျက်ထားခဲ့တာဖြစ်ပြီး ဩဂုတ် ၃ရက်မှာ ICRCနဲ့ တွေ့ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံနိုင်မှုဟာ လွတ်လပ်ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံလည်ပတ်ခြင်းဆိုင်ရာ စံနှုန်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ICRCက ထုတ်ပြန်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံစကားပြောတာ၊ မိသားစုများနဲ့ မိသားစုသတင်းစကား ပေးပို့ ဖလှယ်နိင်မယ့် အခွင့်အလမ်းလည်း ပါဝင်ကြောင်း အသိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကလည်း မိခင်ဖြစ်သူနဲ့ ICRC တွေ့ဆုံမှုဟာ ငါးနှစ်ကျော်အတွင်း မိခင်နဲ့ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ ပထမဆုံး တိုးတက်မှု ဖြစ်ကြောင်း မနေ့က ထုတ်ပြန်ထားပါတယ်။ မိသားစုနဲ့အတူ ရပ်တည်ပေးခဲ့သူအားလုံးနဲ့ Proof of Life လှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်က ဖော်ပြခဲ့ပြီး အားလုံးရဲ့ အသံထွက်ပြောဆိုကြိုးပမ်းမှု၊ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုကြောင့် မိခင်ဖြစ်သူ မတရားဖမ်းဆီးခံထားရတဲ့ ကိစ္စ ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုအောက်မှာ ဆက်ရှိနေနိုင်ခဲ့တာလို့ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်စကားပြောခွင့်ရရေး၊ မိသားစုနဲ့ တွေ့ဆုံခွင့်ရရေး အပြင် နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ မိခင်ဖြစ်သူကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရေးကို မျှော်လင့်ကြောင်း ကိုထိန်လင်းက ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။