Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့ကိုဗစ်အရေး ဥရောပသမဂ္ဂအရှိန်မြှင့်လုပ်ဆောင်မယ်လို့ ထုတ်ပြန်

ဥရောပသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုနဲ့ အထူးဥရောပအဖွဲ့ကလည်း အကျိုးအရှိဆုံးနည်းလမ်းကနေ ကူညီနိုင်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အတူတကွလုပ် ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါဖြေရှင်းတုန့်ပြန်ဖို့နဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ဖို့ ဥရောပသမဂ္ဂရဲ့ ကြိုးပမ်းမှု အရှိန်မြှင့်တင်မယ်လို့ ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

“ကျွန်ုပ်တို့ရဲ့ ကြိုးပမ်းမှုတွေကို နှစ်ဆအရှိန်မြှင့်တင်ပြီး Global Fund ၊ COVAX တို့ကို အီးယူထောက်ပံ့မှုရရှိနေတဲ့ နိုင်ငံတကာပါဝင်လုပ်ဆောင်သူတွေနဲ့ ပူးပေါင်းသွားပါမယ်။ နောက်ပြီး ကုသမှု၊ အောက်စီဂျင်၊ စမ်းသပ်စစ်ဆေးခြင်းနဲ့ ကာကွယ်ဆေးထိုးနှံခြင်းတွေ အရှိန်မြှင့်လုပ်ဆောင်သွားပါမယ်”လို့ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုနဲ့ အထူးဥရောပအဖွဲ့ကလည်း အကျိုးအရှိဆုံးနည်းလမ်းကနေ ကူညီနိုင်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အတူတကွလုပ် ဆောင်သွားမယ်လို့ ဆိုပါတယ်။

“နောက်ထပ်(အစီအစဥ်)တွေလည်း ထပ်လာဖို့ရှိပါတယ်” လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ကပ်ရောဂါကြောင့် ချစ်မြတ်နိုးသူတွေဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူအားလုံးနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။

ကိုဗစ်-၁၉ ဟာ မြန်မာနိုင်ငံ တစ်ခါမှမတွေ့ကြုံဖူးတဲ့ ပုံစံမျိုးနဲ့ ထင်ထင်ရှားရှားရောက်ရှိလာတဲ့ အများပြည်သူဆိုင်ရာ ကျန်းမာရေး ကပ်ဘေးဖြစ်ပါတယ်။

အီးယူကိုယ်စားလှယ်ရုံးက ပြည်တွင်းဝန်ထမ်းတစ်ယောက် ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ခဲ့သူ ဝန်ထမ်းရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

သတင်း

ထပ်မံရရှိသော သတင်းအချက်အလက်များအရ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် စစ်ကောင်စီအဖွဲ့ဝင် စုစုပေါင်း ၂၄ ဦး နှင့် အဖွဲ့အစည်း တစ်ခုတို့ကို ဥရောပကောင်စီ၏အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။