Connect with us

Hi, what are you looking for?

သတင်း

မြန်မာရဲ့စားနပ်ရိက္ခာအကျပ်အတည်းကိုဖြေရှင်းဖို့ဥရောပသမဂ္ဂကယူရိုငွေ ၈ သန်းကို WFP ကတဆင့်ထောက်ပံ့

မြန်မာနိုင်ငံတဝန်းပိုမိုဆိုးရွားလာတဲ့စားနပ်ရိက္ခာအကျပ်အတည်းကိုရင်ဆိုင်ရာမှာအထောက်အကူဖြစ်ဖို့အတွက်ဥရောပသမဂ္ဂ(EU)ကယူရိုငွေ ၈ သန်းကိုထောက်ပံ့ကူညီလာတယ်လို့ ကုလသမဂ္ဂရဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP) ဒီနေ့ ( မေလ ၁၈ )မှာထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - WFP

မေ – ၁၈ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

မြန်မာနိုင်ငံတဝန်းပိုမိုဆိုးရွားလာတဲ့စားနပ်ရိက္ခာအကျပ်အတည်းကိုရင်ဆိုင်ရာမှာအထောက်အကူဖြစ်ဖို့အတွက်ဥရောပသမဂ္ဂ(EU)ကယူရိုငွေ ၈ သန်းကိုထောက်ပံ့ကူညီလာတယ်လို့ ကုလသမဂ္ဂရဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP) ဒီနေ့ ( မေလ ၁၈ )မှာထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂ(EU)အနေနဲ့ အရေးပါလှတဲ့စားနပ်ရိက္ခာနဲ့ အာဟာရထောက် ပံ့မှုတွေကိုအလိုအပ်ဆုံးသူတွေထံအကူအညီတွေရောက်ရှိဖို့ ပံ့ပိုးပေးသွားမယ်လို့လည်းမြန်မာနိုင်ငံမှာဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအစီအစဉ်တွေကိုကြီးကြပ်နေသူ Ms.Jessica Chaix က ပြောပါတယ်။

အီရန်စစ်ပွဲကြောင့်မြန်မာနိုင်ငံမှာလည်းစားသောက်ကုန်နဲ့စက်သုံးဆီစျေးနှုန်းတွေအဆမတန်မြင့်တက်လာနေပြီး မြန်မာပြည်သူတွေဟာ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ပြီးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စက်သုံးဆီစျေးနှုန်းတွေ သုံးဆအထိမြင့်တက်ခဲ့သလို ဆန်၊ ဆီ၊ ပဲနဲ့ ဆားတို့လို အခြေခံစားသောက်ကုန်တွေရဲ့ စျေးနှုန်းကလည်းသိသိသာသာ မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂက ဖော်ပြပါတယ်။

ပျမ်းမျှအနေနဲ့အခြေခံစားသောက်ကုန်စျေးနှုန်းဟာတစ်နိုင်ငံလုံးအနှံ့ ၁၈ ရာခိုင်နှုန်းမြင့်တက်နေပြီး၊ မကွေးတိုင်းမှာ ၃၈ ရာခိုင်နှုန်းနဲ့အမြင့်ဆုံးဖြစ်နေကာကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၃၂ ရာခိုင်နှုန်းနဲ့ ၃၁ ရာခိုင် နှုန်း အသီးသီးမြင့်တက်နေတာလို့ ကုလသမဂ္ဂက အသိပေးပါတယ်။

လက်ရှိမှာဆိုရင်မြန်မာနိုင်ငံမှာလူလေးဦးမှာတစ်ဦးက ဆာလောင်မွတ်သိပ်မှုဒဏ်ကိုခံစားနေရပြီး အဲဒီလိုလူဦးပမာဏက ၁၂ .၄ သန်းရှိနေပြီလို့ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းထားပါတယ်။

ဝင်ငွေအခြေအနေ၊အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုတွေဟာ မြန်မာပြည်သူတွကိုကုန်စျေးနှုန်းကြီးမြင့်မှုကိုရင်ဆိုင်ရချိန်မှာအခြေခံစား သောက်ကုန်တွေကို ဝယ်စားဖို့တောင် လက်လှမ်းမမီးတဲ့အခြေအနေဆီတွန်းပို့နေတယ်လို့လည်း ထောက်ပြထားပါတယ်။

ဒါအပြင်မြေသြဇာစျေးနှုန်းတွေမြင့်တက်နေတာကမိုးသီးနှံ စိုက်ပျိုးမှုကိုလည်းခြိမ်းခြောက်လာပြီး တောင်သူတွေဟာ မြေသြဇာအသုံးပြုမှုလျော့ချနေရတယ်လို့ ကုလသမဂ္ဂက ဖော်ပြပါတယ်။

မြေသြဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်းလျော့နည်းသွားရင်နိုင်ငံတဝန်းစိုက် ပျိုးထုတ်လုပ်မှု ရဲ့ ၁၅ ရာခိုင်နှုန်းကျဆင်းသွားမှာဖြစ်ပြီးအကျိုးဆက်အနေနဲ့တော့ကုန်စျေးနှုန်းထပ်မြင့်တက်စေကာ ၂၀၂၇ ခုနှစ်အထိ နိုင်ငံရဲ့ စားနပ်ရိက္ခာအကြပ်အတည်းကို ပိုမိုဆိုးရွားစေ ကုလသမဂ္ဂက သတိပေးပါတယ်။

အခုလိုအခြေအနေမှာဥရောပသမဂ္ဂ(EU)ကထောက်ပံတဲ့ရန်ပုံငွေနဲ့ ပဋိ ပက္ခတွေ၊နေရပ်စွန့်ခွာရတာတွေ၊စီးပွားရေးအခက်အခဲတွေကိုရင်ဆိုင်နေရပြီးစားနပ်ရိက္ခာအခက်အခဲကြုံ့တွေ့နေရတဲ့မိသားစုတွေကို WFP က အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေ ပေးအပ် မယ်လို့သိရပါတယ်။

ဒါ့အပြင်ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေအတွက်အထူးအာဟာရအထောက်အပံ့တွေလည်း ပေးအပ်သွားမယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ကို စစ်တပ်ကတပ်စွဲထားဆဲဖြစ်ပြီး ဒေသခံပြည်သူတစ်သောင်းကျော်ဟာ တစ်လခွဲခန့်အကြာစစ်ဘေးရှောင်နေရဆဲဖြစ်ကာ စားနပ်ရိက္ခာ တွေလိုအပ် နေတယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။