Connect with us

Hi, what are you looking for?

News

တပ်မတော်နေ့အဖြစ်သတ်မှတ်သည့် မတ်လ ၂၇ရက်မှာ မြန်မာလူထု တစ်ရပ်လုံးအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာနေ့ဟု KNU ဗဟိုထုတ်ပြန်

ထိုသို့ ထုတ်ပြန်ရာ၌ အကြမ်းဖက်စစ်တပ် သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးထိခိုက်ခဲ့ရသည့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူလူထုများ၏ ထိခိုက်နစ်နာရမှု ဓာတ်ပုံမြင်ကွင်းများကို ဖော်ပြခဲ့သည်။

မြန်မာ့တပ်မတော်နေ့အဖြစ် သတ်မှတ်ထားသောမတ်လ ၂၇ ရက်သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်ရင်းသားလူမျိုးများ နှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် ဝမ်းနည်း ကြေကွဲဖွယ်ရာ နေ့တစ်နေ့ ဖြစ်ခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုသို့ ထုတ်ပြန်ရာ၌ အကြမ်းဖက်စစ်တပ် သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးထိခိုက်ခဲ့ရသည့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူလူထုများ၏ ထိခိုက်နစ်နာရမှု ဓာတ်ပုံမြင်ကွင်းများကို ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတစ်ဝှမ်း ကျေးလက် မြို့ပြ၊ တောင်တန်းဒေသ၊ မြေပြန့်ဒေသ နှင့် မြစ်ဝကျွန်းပေါ် ဒေသစ သည့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးများနှင့် ပြည်သူလူထုတစ်ရပ် လုံး တို့သည် ခောတ်အဆက်ဆက်မှ မြန်မာမာတပ်မတော်၏ မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း ၊ မုဒိမ်း ကျင့်ခြင်း၊ လယ်ယာမြေများသိမ်းဆည်းခြင်း၊ ရပ်ရွာများကိုမီးရှို့ဖျက်ဆီးခြင်း စသည့် လူသားမဆန်သော မတရားအကြမ်းဖက်ဖိနှိပ်မှုပေါင်း မျိုးစုံတို့ကို ခံလာခဲ့ကြရသည်ဟု KNUက ဆိုသည်။

ထို့အတူ မြန်မာနိုင်ငံအတွင်းရှိ ဗမာလူမျိုများနှင့်တကွ တိုင်းရင်းသားလူမျိုးများနှင့် ပြည်သူလူထုတစ်ရပ် လုံးတို့အပေါ်တွင် မြန်မာတပ်မတော်သည် လူသားမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်ဖိနှိပ်မှုများကို ယနေ့အချိန်ထိ ကျူးလွန်မှုများပြုလုပ်လျက်ရှိသည်ဟုလည်း KNUက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။