Connect with us

Hi, what are you looking for?

သတင်း

KNU ညောင်လေးပင်ခရိုင်က ကျေးရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ အဘွားအို ၁ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ် ဗုံးကြဲတိုက်ခိုက်တဲ့ ဒရုန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ် ညောင်ခြေထောက်ကျေးရွာကို စစ်တပ်က အောက်တိုဘာ ၁၈ရက်မှာ ဒရုန်းနဲ့ ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဘွားအို ၁ဦးသေဆုံးကာ အမျိုးသမီးငယ်တဦး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ညောင်လေးပင်ခရိုင် ရွှေကျင်(ဆောထိ)မြို့နယ်က ကျေးရွာအချို့ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၃ရက်က ရွှေကျင်မြို့နယ် ထင်းကုန်းကျေးရွာကိုလည်း စစ်တပ်က အသေခံ ဒရုန်း ၂စီးနဲ့ တိုက်ခိုက်ခဲ့လို့ ပြည်သူ့နေအိမ်အချို့ ထိမှန် ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများကို လေယာဉ်များ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှု ဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့လည်း KNUက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။

သတင်း

သူ့ရဲ့မိခင်ဆီ စာအုပ်လက်ဆောင် ပေးခဲ့တဲ့ ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ လုပ်ရပ်ဟာအာဏာသိမ်းစစ်တပ်ကို အစိုးရအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုသလို ဖြစ်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဝေဖန် ထောက်ပြသွားခဲ့ပါတယ်။