Connect with us

Hi, what are you looking for?

LuduNwayOo

News

တပ်မတော်နေ့အဖြစ်သတ်မှတ်သည့် မတ်လ ၂၇ရက်မှာ မြန်မာလူထု တစ်ရပ်လုံးအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာနေ့ဟု KNU ဗဟိုထုတ်ပြန်

ထိုသို့ ထုတ်ပြန်ရာ၌ အကြမ်းဖက်စစ်တပ် သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးထိခိုက်ခဲ့ရသည့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူလူထုများ၏ ထိခိုက်နစ်နာရမှု ဓာတ်ပုံမြင်ကွင်းများကို ဖော်ပြခဲ့သည်။

မြန်မာ့တပ်မတော်နေ့အဖြစ် သတ်မှတ်ထားသောမတ်လ ၂၇ ရက်သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်ရင်းသားလူမျိုးများ နှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် ဝမ်းနည်း ကြေကွဲဖွယ်ရာ နေ့တစ်နေ့ ဖြစ်ခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုသို့ ထုတ်ပြန်ရာ၌ အကြမ်းဖက်စစ်တပ် သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးထိခိုက်ခဲ့ရသည့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူလူထုများ၏ ထိခိုက်နစ်နာရမှု ဓာတ်ပုံမြင်ကွင်းများကို ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတစ်ဝှမ်း ကျေးလက် မြို့ပြ၊ တောင်တန်းဒေသ၊ မြေပြန့်ဒေသ နှင့် မြစ်ဝကျွန်းပေါ် ဒေသစ သည့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးများနှင့် ပြည်သူလူထုတစ်ရပ် လုံး တို့သည် ခောတ်အဆက်ဆက်မှ မြန်မာမာတပ်မတော်၏ မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း ၊ မုဒိမ်း ကျင့်ခြင်း၊ လယ်ယာမြေများသိမ်းဆည်းခြင်း၊ ရပ်ရွာများကိုမီးရှို့ဖျက်ဆီးခြင်း စသည့် လူသားမဆန်သော မတရားအကြမ်းဖက်ဖိနှိပ်မှုပေါင်း မျိုးစုံတို့ကို ခံလာခဲ့ကြရသည်ဟု KNUက ဆိုသည်။

ထို့အတူ မြန်မာနိုင်ငံအတွင်းရှိ ဗမာလူမျိုများနှင့်တကွ တိုင်းရင်းသားလူမျိုးများနှင့် ပြည်သူလူထုတစ်ရပ် လုံးတို့အပေါ်တွင် မြန်မာတပ်မတော်သည် လူသားမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်ဖိနှိပ်မှုများကို ယနေ့အချိန်ထိ ကျူးလွန်မှုများပြုလုပ်လျက်ရှိသည်ဟုလည်း KNUက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။