Connect with us

Hi, what are you looking for?

News

အပစ်ရပ်ဆယ်ဖွဲ့က ကိုဗစ်ထိန်းချုပ်ရေးကော်မတီ ဖွဲ့စည်း

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်းတို့ အပါအဝင် အဖွဲ့ဝင် ၁၁ဦးဖြင့် ဖွဲ့စည်းထားသည်။

လက်ရှိဖြစ်ပေါ်နေသော COVID-19 ကပ်ရောဂါဘေး အရေးပေါ် အခြေအနေတွင် ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်စွာ လက်တွေ့လုပ်ဆောင်နိုင်ရန် ကိုဗစ်ထိန်းချုပ်ရေးကော်မတီကို ဇူလိုင် ၁၇ရက်က ဖွဲ့စည်းလိုက်ကြောင်း NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ကြေညာချက်ထုတ်ပြန်သည်။

ယင်းကော်မတီကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်းတို့ အပါအဝင် အဖွဲ့ဝင် ၁၁ဦးဖြင့် ဖွဲ့စည်းထားသည်။

ကော်မတီသည် လက်ရှိဖြစ်ပေါ်နေသော COVID-19 ကပ်ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် ပြည်တွင်း Stakeholder များအားလုံး၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း၍ ပါဝင်လုပ်ဆောင်ပံ့ပိုးကူညီသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုသို့ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ အခြေခံခြင်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးကို ဦးစားပေးခြင်းဖြင့် Stakeholder များအားလုံးက ဆောင်ရွက်သင့်ကြောင်း PPSTက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

သတင်း

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြားဒီကနေ့ (ဩဂုတ် ၂၂)နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီကနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။