Connect with us

Hi, what are you looking for?

LuduNwayOo

News

အပစ်ရပ်ဆယ်ဖွဲ့က ကိုဗစ်ထိန်းချုပ်ရေးကော်မတီ ဖွဲ့စည်း

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်းတို့ အပါအဝင် အဖွဲ့ဝင် ၁၁ဦးဖြင့် ဖွဲ့စည်းထားသည်။

လက်ရှိဖြစ်ပေါ်နေသော COVID-19 ကပ်ရောဂါဘေး အရေးပေါ် အခြေအနေတွင် ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်စွာ လက်တွေ့လုပ်ဆောင်နိုင်ရန် ကိုဗစ်ထိန်းချုပ်ရေးကော်မတီကို ဇူလိုင် ၁၇ရက်က ဖွဲ့စည်းလိုက်ကြောင်း NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ကြေညာချက်ထုတ်ပြန်သည်။

ယင်းကော်မတီကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်းတို့ အပါအဝင် အဖွဲ့ဝင် ၁၁ဦးဖြင့် ဖွဲ့စည်းထားသည်။

ကော်မတီသည် လက်ရှိဖြစ်ပေါ်နေသော COVID-19 ကပ်ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် ပြည်တွင်း Stakeholder များအားလုံး၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း၍ ပါဝင်လုပ်ဆောင်ပံ့ပိုးကူညီသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုသို့ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ အခြေခံခြင်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးကို ဦးစားပေးခြင်းဖြင့် Stakeholder များအားလုံးက ဆောင်ရွက်သင့်ကြောင်း PPSTက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

ဂျကန်ယာကူဆာ အီဘီဆာဝါနှင့် အတူထိုင်းနိုင်ငံသား ကြံရာပါ တဦးတို့သည်အ​မေရီကန်နိုင်ငံတွင် ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများနှင့် တရားစွဲဆို ခံထားရပြီး ဖြစ်သည်။

သတင်း

PNLAနှင့် စစ်ကောင်စီတို့သည် ဇန်နဝါရီ ၂၆ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ခလရ ၄၂၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသိမ်းပိုက်မှုအတွင်း လက်နက် ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။